ထိုင်း အလုပ်ရှင်မှ အမျိုးမျိုး စိတ်ညစ်အောင် လုပ်နေသည့်အတွက် မြန်မာလူမျိုး ၇၀၀ကျော် အလုပ်ထွက်လိုက်ကြပြီ

Anonymous | 7:14 AM |

ဖြိုးဝေ-mmp | အလုပ်သမားအခွင့်အရေးများ ချိုးဖောက်သဖြင့် အလုပ်မဆင်းဘဲ ငြိမ်းချမ်းစွာဆန္ဒပြ တောင်းဆိုခဲ့ကြသော မြန်မာအလုပ်သမား၏ တောင်းဆိုချက်များအားလုံးကို အလုပ်ရှင်မှ လိုက်လျောမည်ဟု အောက်တိုဘာလ၊ ၅ ရက်နေ့တွင် ပြောဆိုခဲ့သော်လည်း အမျိုးမျိုး စိတ်ညစ်အောင် ဖိအားပေး ဆောင်ရွက်နေသောကြောင့် အလုပ်သမား ၇၀၀ကျော် အလုပ်ထွက်လာကြပြီဟု သိရသည်။

ထိုငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုခြင်းကို ဘန်ကောက်မြို့ တောင်ဘက် ချုံဘူရီခရိုင်၊ စမူပါကန်၊ တလာဘန့် ချလုံအရပ်တွင်ရှိသော aerosoft ဖိနပ်စက်ရုံမှ မြန်မာအလုပ်သမားများက ၎င်းတို့၏ တောင်းဆိုချက်များအတွက် ပြီးခဲ့သော အောက်တိုဘာလ၊ ၃ ရက်နေ့တွင် စတင်ပြီး အလုပ်မဆင်းဘဲ ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။

ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့မှ ကိုအောင်မြင့်သိန်း၊ ထိုင်းရှေ့နေ (၂)ယောက်အပါအဝင် ထိုင်းနိုင်ငံ ရှိ NGO အဖွဲ့တို့မှ အောက်တိုဘာလ၊ ၅ရက်နေ့တွင် လာရောက်ကူညီပေးခဲ့ကြသဖြင့် အလုပ်သမားနှင့် အလုပ်ရှင်များ ပြေလည်ခဲ့ကြကြောင်း သိရသည်။

အလုပ်သမားများ အဓိကတောင်းဆိုထားသော အချက်များမှာ ကျန်းမာရေး၊ လုပ်ခနှင့်လစာများ တပြေးညီ ရရှိရေး၊ ပိတ်ရက်များတွင် လုပ်ခ ပိုတိုးရန်နှင့် အချိန်ပိုကြေးတို့ဖြစ်သည်။ အလုပ်မဆင်းဘဲ ငြိမ်းချမ်းစွာဆန္ဒပြ တောင်းဆိုမှု အောင်မြင်ကြောင်း မီဒီယာများတွင် ထုတ်လွှင့်ခဲ့သော်လည်း တကယ်တမ်း အလုပ်သမားများ၏ တောင်းဆိုချက်များကို အပြည့်အဝ လိုက်လျောပေးခြင်းမရှိသေးပေ။

“အောက်တိုဘာလ၊ ၆ ရက်နေ့မှာ အလုပ်စဆင်းတော့ လုပ်ခအား တောင်းဆိုထားသည့်အတိုင်း ပေးမယ်လို့ပြောတယ်။ ပထမတုန်းကတော့ ဟုတ်မလိုနဲ့ဗျာ။ နောက်နေ့တွေကစပြီး အလုပ်သမားတွေကို ကိုယ် အရင်လုပ်ကိုင်ခဲ့တဲ့ နေရာတွေမှာ မလုပ်ခိုင်းတော့ဘဲ နေရာများပြောင်းရွှေ့ လုပ်ခိုင်းတာတို့၊ လုပ်ခတွေကို တောင်းဆိုထားတဲ့ အတိုင်းပေးထားတာကြောင့် အချိန်ပိုကြေးတွေကို မပေးဖူးဆိုတာရယ်။ ဒါပေမယ့် အချိန်ပို မဆင်းရင် အလုပ်ထုတ်ခံရမယ်တဲ့ဗျာ” အဲ့ဒီလို အမျိုးမျိုး စိတ်ညစ်အောင် လုပ်နေသည့်အတွက် အလုပ်သမားများထွက်လာကြတာ ယနေ့အထိဆို မြန်မာလူမျိုး ၇၀၀ကျော် အလုပ်လက်မဲ့ ပြဿနာကို ရင်ဆိုင်နေရပြီဖြစ်ကြောင်း အလုပ်သမား ခေါင်းဆောင် တစ်ဦးမှ ပြောကြားသွားသည်။

ယခင် ဆန္ဒပြတောင်းဆိုစဉ်က အကူအညီပေးခဲ့ကြသော ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့နှင့် ထိုင်းနိုင်ငံ ရှိ NGO အဖွဲ့တို့ကို အကူအညီတောင်းထားကြောင်း သိရသည်။

Category:

About Nhamngahanh: My name is Dinh Quang Huy . Known as Nhamngahanh .I'm administrator of SimplexDesign blog .This blog was opened for test .