ဒေါ်အောင်ဆန်းစုကြည်အပေါ် တင်းကြပ်မှုတွေ လျှော့ချရေး ဗိုလ်ချုပ်ကြီးသိန်းစိန်အပြော

Anonymous | 2:04 PM |

RFA | မြန်မာစစ်အစိုးရ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ စိတ်စေတနာကောင်းကောင်းနဲ့ ဆက်လက် ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် အဓိက ကိစ္စတွေမှာ တင်းကြပ်မှုတွေ လျှော့ပေးမယ်လို့ ပြောဆိုလိုက်ပါတယ်။ ဒီအကြောင်းကို ဒီနေ့မနက်က အာဆီယံနဲ့ အာရှသုံးနိုင်ငံ တွေ့ဆုံတဲ့ပွဲမှာ ပြောဆိုခဲ့တာ ဖြစ်တယ်လို့ ဂျပန် ပြောခွင့်ရပုဂ္ဂိုလ် မစ္စတာ ခါဇူအိုခိုဒါမ က ဟွာဟင်းမြို့ ရှယ်ရတန် ဟော်တယ်မှာ ဒီကနေ့ညနေ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။ဒါ့အပြင် မြန်မာနိုင်ငံအနေနဲ့ နိုင်ငံအားလုံးနဲ့ ဆက်ဆံရေး ပြေလည်ချင်တယ်လို့ ဗိုလ်ချုပ်ကြီးသိန်းစိန်က ပြောကြားသွားတဲ့အကြောင်း မစ္စတာ ခါဇူအိုခိုဒါမ က သတင်းထောက်တွေကို ရှင်းပြပါတယ်။

ဒီ သတင်းစာရှင်းလင်းပွဲမှာ ဂျပန်အစိုးရအနေနဲ့ မြန်မာ့အရေးနဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေအပေါ် သဘောထားဘယ်လိုရှိပါသလဲလို့ အာအက်ဖ်အေက မေးကြည့်တဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးဖို့ ဂျပန်အစိုးရက အဓိကတောင်းဆိုနေကြောင်း၊ ဒါ့အပြင် ၂ဝ၁ဝ ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတမှု ရှိအောင် ဆောင်ရွက်ပေးဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ပါတီကိုလည်း ရွေးကောက်ပွဲမှာ ပါဝင်ခွင့်ပြုဖို့ တိုက်တွန်းနေပါကြောင်း ပြောဆိုသွားပါတယ်။

တဆက်တည်းမှာပဲ ဂျပန်ပြောခွင့်ရပုဂ္ဂိုလ် မစ္စတာ ခါဇူအိုခိုဒါမ က မြန်မာ့အရေးနဲ့ ပတ်သက်ပြီး မနက်ဖြန်မှာ ဆွေးနွေးဖို့ရှိကြောင်းနဲ့ အဲဒီဆွေးနွေးပွဲ ပြီးတဲ့အခါ မြန်မာနိုင်ငံကိစ္စတွေ အခုထက်ပိုပြီး ပြောပြနိုင်မယ်လို့ သူထင်မြင်ကြောင်း ပြောဆိုသွားပါတယ်။
သတင်းအသံဖိုင်နားဆင်ရန်
Tag from - RFA

Category:

About Nhamngahanh: My name is Dinh Quang Huy . Known as Nhamngahanh .I'm administrator of SimplexDesign blog .This blog was opened for test .