ထိုင်းနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်နာနှင့်အဖွဲ့ FED ရုံးသို့ လာရောက်၍ အလုပ်သမား အခွင့်အရေးဆိုင်ရာများ ဆွေးနွေး

Anonymous | 10:25 PM |

Saturday, 31 October 2009

Grassroots HREDC | ယနေ့ နံနက်ပိုင်းက ထိုင်းနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်မှ ကော်မရှင်နာနှင့် အဖွဲ့သည် ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငဒေသရှိ ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED) ရုံးသို့ လာရောက်၍ အလုပ်သမား အခွင့်အရေးနှင့် ပတ်သက်သည့် အကြောင်းအရာများအား ဆွေးနွေးခဲ့ကြသည်။

ကော်မရှင်နာ Dr Niran Pitakwatchara, M.D. ဦးဆောင်သော အဖွဲ့တွင် အမျိုးသမီး၊ ပညာရေးနှင့် အလုပ်သမားရေးရာ စသည့် သက်ဆိုင်ရာ တာဝန်ရှိသူများလည်း ပါဝင်သည်။

FED မှ ဘုတ်အဖွဲ့ အတွင်းရေးမှူး Ms. Manlika Ketthisang က တွေ့ဆုံဆွေးနွေးမှုနှင့် ပတ်သက်ပြီး အခုလို ရှင်းပြသည်။

“အဓိကအားဖြင့်တော့ ဒီမှာရှိတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အခက်အခဲ ပြဿနာတွေ၊ ထိုင်းအစိုးရနဲ့ မြန်မာအစိုးရ ပူးပေါင်းဆောင်ရွက်မယ့် နိုင်ငံသား စီစစ်ရေး လုပ်ငန်းတွေရဲ့ ပြဿနာတွေနဲ့ ပတ်သက်ပြီး ထိုင်းအမျိုးသား လူ့အခွင့်အရေး ကော်မရှင်အနေနဲ့ ဘယ်ကိစ္စတွေမှာ ဘယ်လို ဆောင်ရွက်ပေးမလဲ ဆိုတာတွေကို ဆွေးနွေးခဲ့ပါတယ်”

အမျိုးသား လူ့အခွင့်အရေး ကော်မရှင်အဖွဲ့မှ သိလိုသော မြန်မာအလုပ်သမားများ၏ လုပ်အားခနှင့် အလုပ်သမား အခွင့်အရေး အခြေအနေများ၊ ထိုင်းလူမျိုးများနှင့် ဆက်ဆံရေး အခြေအနေများကိုလည်း ပြန်လည် ဖြေကြားပေးခဲ့ကြောင်း ၎င်းက ဆက်ပြောပြသည်။

FED မှ အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်ကလည်း “ဒီနှစ်ထဲမှာ ထိုင်းလူ့အခွင့်အရေး ကော်မရှင်အနေနဲ့လာတာ ပထမဦးဆုံးအကြိမ် ဖြစ်တယ်။ သူတို့အနေနဲ့ ကျနော်တို့နဲ့ ဘာလုပ်ငန်းတွေ ပူးပေါင်းဆောင်ရွက်နိုင်မလဲ ဆိုတာကို လာညှိနှိုင်းတာ ဖြစ်တယ်။ ပြီးတော့ မြန်မာပြည်ကလာတဲ့ အလုပ်သမားတွေရဲ့ အလုပ်သမားအခွင့်အရေး၊ ကျန်းမာရေး၊ ကလေးတွေရဲ့ ပညာရေးနဲ့ တရားဝင် ပညာသင်ခွင့် ရရှိရေးတွေကို လူ့အခွင့်အရေး ကော်မရှင်ရဲ့ အကူအညီနဲ့ ရှေ့ဆက်ပြီး အများကြီး ဆောင်ရွက်နိုင်မယ်လို့ ထင်ပါတယ်”ဟု ပြောပြသည်။

အဆိုပါအဖွဲ့သည် FEDမှ တာဝန်ရှိသူများနှင့် တနာရီကျော်ကြာ ဆွေးနွေးပြီးနောက် ပြန်လည် ထွက်ခွါသွားခဲ့ကြသည်။

http://ghre.org/mm/ မှဖြစ်ပါသည်။

Category:

About Nhamngahanh: My name is Dinh Quang Huy . Known as Nhamngahanh .I'm administrator of SimplexDesign blog .This blog was opened for test .