ဗိုလ်ချုပ်မှူးကြီး၏ သီရိလင်္ကာ ခရီးတွင် ကန့်ကွက်သူတချို့နှင့်ရင်ဆိုင်ရ

Anonymous | 2:33 AM |

မိုးမခအထောက်တော် အမှတ် ၀၀၂
နိုဝင်ဘာ ၁၄၊ ၂၀၀၉
ဗိုလ်ချုပ်မှူးကြီး နှင့် အဖွဲ့ကို အော်ဟစ် ဆန္ဒပြနေသူတချို့ (ဓာတ်ပုံ-reuters)

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ သီရိလင်္ကာ ခရီးစဉ်အတွင်း ကြိုဆို နုတ်ဆက်သူ အများအပြားနှင့် တွေ့ခဲ့ရသည့်အပြင် ဆန္ဒပြ ကန့်ကွက်သူတချို့နှင့်လည်း ရင်ဆိုင်ခဲ့ရသည်။

မြို့တော် ကိုလံဘိုတွင် ကန့်ကွက်သူတချို့က ဗိုလ်ချုပ်မှူးကြီးကို သီရိလင်္ကာမှ ထွက်သွားရန် အော်ဟစ်ခဲ့ကြသည်။ လက်ထဲတွင်လည်း "သံဃာများကို သတ်ဖြတ်သူ ပြန်ထွက်သွား" ဟု ရေးသားထားသည့် ဆိုင်းဘုတ်ကို ကိုင်ဆောင်ထားကြသည်။

"ကိုယ့်နိုင်ငံထဲကို ဒီလိုမျိုး စစ်ခေါင်းဆောင်မျိုး လာလည်တဲ့တာ ကျနော်တို့ ရှက်ပါတယ်။ ဒီလို လာလည်တာကို မကြိုက်တဲ့အကြောင်း ပြသတဲ့အနေနဲ့ အခုလို ကန့်ကွက်ရတာ ဖြစ်ပါတယ်" ဟု ရှေ့နေတဦးဖြစ်သူ Shiral Lakthileka ၏ ပြောကြားချက်ကို ဘီဘီစီ သတင်းတပုဒ်တွင် ဖော်ပြထားသည်။

ဗိုလ်ချုပ်မှူးကြီးက ၅ နှစ်အတွင်း သူ၏ ပထမဆုံးသော ပြည်ပခရီးတွင် စစ်အစိုးရခေါင်းဆောင် အများအပြားအပြင် သူ၏ မိသားစုဝင်များကိုလည်း ခေါ်ဆောင်သွားသည်ဟု သီရိလင်္ကာမှ လာသော သတင်းများတွင် ရေးထားသည်။

Category:

About Nhamngahanh: My name is Dinh Quang Huy . Known as Nhamngahanh .I'm administrator of SimplexDesign blog .This blog was opened for test .