အားကျတာက အောင်ဆန်း၊ လုပ်လိုက်တာက __ရမ်း

Anonymous | 2:49 AM |

အားကျတာက အောင်ဆန်း၊ လုပ်လိုက်တာက ရှောက်(စောက်)ရမ်း တဲ့ စကားလေးက ကြမ်းသလို ရမ်းသလို ထင်ရပေမဲ့ စစ်အာဏာရှင်တော် လှန်ရေးအတွက် အားသွန်ခွန်စိုက် လုပ်ဆောင်နေသော ရဟန်းတော်တပါးရဲ့ ကိုယ့်ကိုကိုယ် အမှန်အတိုင်း ဝေဖန်ထားတဲ့ ထိမိတဲ့ စကားတခုဖြစ်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းကို အားကျအတုယူကာ တိုင်းပြည်လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်နေသူအားလုံးလည်း ကိုယ့်ရဲ့အားကျမှုနဲ့ ကိုယ့်ရဲ့လုပ်ရပ်တွေကို ကိုယ်တိုင်ဆင်ခြင် သုံးသပ်ဝေဖန်အပ်တဲ့ စကားလည်း ဖြစ်တာမို့ ကိုယ့်ကိုကိုယ်လည်း ဝေဖန်ရင်း တိုင်သူပြည်သားများလည်း ဝေဖန်နိုင်ရန် တင်ပြခြင်းဖြစ်ပါသည်။

ဗိုလ်ချုပ်အောင်ဆန်းရဲ့ နိုင်ငံရေး၊စစ်ရေး အတွေးအခေါ်တွေ လက်တွေ့လုပ်ရပ်တွေကို စစ်အာဏာရှင်အဆက်ဆက် ဘယ်လိုပင် ဖျောက်ဖျက်ထားစေကာမူ စိတ်ဓာတ်ရှိသူအဆက်ဆက်ကလည်း ရနိုင်သမျှနည်းလမ်းများဖြင့် လက်ဆင့်ကမ်း ခဲ့သောကြောင့် အားကျစရာများကို သိခွင့်ရ ကျင့်သုံးခွင့်ရခဲ့ကြသော်လည်းဗမာနိုင်ငံရဲ့ လူများစုကိုးကွယ်သော ဗုဒ္ဓဘာသာ၊ဗုဒ္ဓတရားတော်နှင့် ပတ်သက်၍ အလွန်တန်ဖိုး ရှိသောအတွေးအခေါ် အယူအဆကိုမူ သိသူအလွန်ရှားသောကြောင့် ဗိုလ်ချုပ်ကိုယ် တိုင် တိုင်းပြည်သို့ရေးသားတင်ပြခဲ့သော ၁၉၃၅ခုနှစ်၊ ဧပြီလထုတ် ဂန္ထလောက မဂ္ဂဇင်း မှ Burma and Buddhism ဟူသော ဆောင်းပါးမှ ကောက်နုတ်တင်ပြအပ်ပါသည်။


“ဗုဒ္ဓဘာသာ၏ အနှစ်သာရမှာ ဝေဖန်ဆန်းစစ်၍ လက်တွေ့ကျင့်သုံး နည်းဖြစ်သည်၊ ထိုနည်းမှာလည်း ကေသမုတ္တိသုတ်ခေါ် ကာလာမ သုတ္တန် လာ ဂေါတမမြတ်စွာဘုရား၏ ဟောကြားချက်ဖြစ်သည်။ ထိုဟောကြားချက်မှာ အယူဝါဒတခု၏ အမှားအမှန်ကို ဆုံးဖြတ်ရာတွင် တဆင့်ကြားမျှဖြင့်လည်း ဟုတ်ပြီ မှန်ပြီဟု လက်မခံသင့်၊ မိရိုးဖလာ အယူဝါဒဖြစ်၍လည်း လက်မခံသင့်၊ ဤအရာသည် ဤသို့ဖြစ်သတဲ့ ဟူသော ကောလာဟလဖြင့်လည်း လက်မခံသင့်၊ ကျမ်းဂန်စာပေနှင့် ညီညွတ်သည် ဆိုရုံနှင့်လည်း လက်မခံသင့်၊မိမိတို့ယုံကြည်ထိုက်သောပုဂ္ဂိုလ်၏ စကားဖြစ်သည်ဟု ဆိုကာ ပုဂ္ဂိုလ်စွဲဖြင့်လည်း လက်မခံသင့်၊ မိမိတို့လေးစားသော ဆရာ၏ စကားဖြစ်သည်ဟုဆိုကာ ဆရာစွဲဖြင့်လည်း လက်မခံသင့်ဘဲ ဝေဖန်ဆန်းစစ် ကာ လက်တွေ့လုပ်ကြည့်၍ အကျိုးရှိသည့်အယူဝါဒ(၀ိဘဇ္ဇ၀ါဒ)ကိုသာ လက်ခံရမည် ဆိုသည့်အချက်ဖြစ်သည်။

ဗုဒ္ဓဘာသာ၏ အနှစ်သာရဖြစ်သော အထက်ဖော်ပြပါ ၀ိဘဇ္ဇ၀ါဒကိုသုံး၍ ဗမာ နိုင်ငံ လွတ်လပ်ရေးနှင့် တိုးတက် ကြီးပွားရေးအတွက် လုပ်ဆောင်သွားကြရန်မှာ ဗမာနိုင်ငံသားအားလုံး၏ အဓိကတာဝန်ဖြစ်သည်။”၁၉၁၅ခုနှစ်တွင်မွေးဖွားခဲ့သော ဗိုလ်ချုပ်အောင်ဆန်းသည် ၁၉၃၅ခုနှစ်မှာ အသက် ၂၀မျှသာရှိသေးသည်၊အသက်၂၀မျှသာရှိသောသော ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဗုဒ္ဓတရားတော်အပေါ် ရှုမြင်သုံးသပ်မှုသည် အလွန်စူးရှ ပြတ်သားသလို၊ ဗုဒ္ဓေါ လောကေ သမုပ္ပန္နော ဟိတာယ သဗ္ဗပါဏိနံ၊ဓမ္မော လောကေ သမုပ္ပန္နော အတ္ထာယ သဗ္ဗပါဏိနံ၊သံဃော လောကေ သမုပ္ပန္နော သုခါယ သဗ္ဗပါဏိနံ=ဘုရား၊တရား၊သံဃာ ပွင့်ထွန်းလာရခြင်းသည် သတ္တ၀ါအားလုံးအတွက် စီးပွား၊ကြီးပွား၊တိုးတက်၊ချမ်းသာ ရန် ဖြစ်သည် ဟူသည့်အတိုင်း နိုင်ငံလွတ်လပ်ရေးနှင့် တိုးတက်ကြီးပွားရေးအတွက် လုပ်ဆောင်ရမည့် အဓိကတာဝန်တရပ်အဖြစ်ကျင့်သုံးခဲ့သည်။

အသက်၂၀အရွယ် ဗိုလ်ချုပ်အောင်ဆန်းရဲ့ဘာသာရေးအမြင်ကို သိသူတိုင်း အားကျကြပေမည်၊ အားကျတာကအောင်ဆန်းဗုဒ္ဓဘာသာအများစု နေထိုင်သော ဗမာနိုင်ငံသည် ယနေ့အထိ မလွတ် လပ်၊မတိုးတက်၊မကြီးပွား ဖြစ်နေရခြင်းမှာ ဗုဒ္ဓဘာသာ ဗမာနိုင်ငံသားအားလုံး အဓိက တာဝန်ကို မကျင့်သုံးခဲ့၍ဖြစ်သည်။

ဗုဒ္ဓတရားတော်ကိုကျင့်သုံးနေရဲ့သားနဲ့တိုင်းပြည်မလွတ်လပ်၊ မတိုးတက်တာဟုကိုယ့်ကိုကိုယ် မဝေဖန်နိုင်လို့ဆင်ခြေကန်မယ်ဆိုရင်တော့ လုပ်နေတာက ရှောက်(စောက်)ရမ်း
တောင်မြို့မဟာဂန္ဓာရုံ
ဆရာတော် အရှင်ဇနကာဘိဝံသ

ဘုရားစစ်ကို ရုပ်တုရုပ်ပွားစေတီများကွယ်နေတယ်။

တရားစစ်ကို ဟောတရားကွယ်နေတယ်။

သံဃာစစ်ကို ဘုန်းကြီးရဟန်းကွယ်နေတယ။်

“တရားစစ်မှန် ကျင့်ကြံကြမှ၊ချမ်းသာသုခ ရနိုင်မည်၊

တရားတုတွေ ကျင့်နေကြလို့၊ဆင်းရဲဒုက္ခ ရောက်ရသည်၊

ယခုတဖန် အမှန်လမ်းသို့၊အမြန်လှမ်းဖို့ချိန်တော်ပြီ၊

သို့မှ တိုင်းပြည် ဘာသာရေးကြောင့်၊ သာယာ အေးဆေး ရှိလိမ့်မည်။ ။

မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီး (A.B.M.A) မှ မျှဝေပေးပါသည်။

http://www.sanghaalliance.blogspot.com/

Category:

About Nhamngahanh: My name is Dinh Quang Huy . Known as Nhamngahanh .I'm administrator of SimplexDesign blog .This blog was opened for test .