နိုင်ငံခြားဝင်ငွေအခွန် နှင့် မိသားစုထံငွေလွှဲမှုများ စိစစ်ကြီးကြပ်တော့မည်

Anonymous | 2:50 AM |

ကောင်းဝါ | နိုင်ငံရပ်ခြားတွင်အလုပ်လုပ်နေကြသော မြန်မာနိုင်ငံသားများအပေါ် ဝင်ငွေပေးဆောင်မှုနှင့် မိသားစုထံငွေလွှဲနေမှုကိစ္စရပ်များကို စိစစ်သွားရန်အတွက် ပြည်ပအလုပ်လုပ်ကိုင်မှု ကြီးကြပ်ရေးကော်မီတီတရပ်ကိုဖွဲ့စည်းကာ ဆောင်ရွက်နေပြီဖြစ်ကြောင်း ပြည်တွင်းဂျာနယ်တချို့မှ ဖေါ်ပြထား သည်ကို ဖတ်ရှုခဲ့ရသည်။

စစ်အစိုးရမှ အမိန့်ကြေငြာချက် အမှတ် ၁၆/၂၀၀၉ ဖြင့် စက်တင်ဘာ(၅)ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး ဖြစ်သည်။
ထို့အပြင် အလုပ်သမားဝန်ကြီးဌာနအပါအဝင် အခြားအစိုးရဌာနများ၊ လူမှုရေးအသင်းများမှ ပြည်ပသို့အလုပ်လုပ် ခွင့် စေလွှတ်နေမှုများကိုလည်း စိစစ်ကြီးကြပ်သွားမည်ဟု သိရသည်။

ပြည်ပရောက်အလုပ်သမားများအနေနှင့် ဝင်ငွေအခွန်သတ်မှတ်ထားသည့် ဥပဒေအတိုင်းပေးသွင်းသွားရန်နှင့် မိသားစုများထံ တရားမဝင်ငွေလွှဲပေးမှုများကိုလည်း စိစစ်သွားမည်ဟု ဖေါ်ပြထားသည်။

မိသားစုထံလွှဲငွေများအနေနှင့် လုပ်ခရရှိမှုအချိုးအစားအလိုက် ငွေလွှဲခြင်းဆောင်ရွက်ပုံမှာ အမေရိကန်ဒေါ်လာ ၂၀၀ လုပ်ခအောက် ရရှိသူများ၏ လစာ ၃၀ ရာခိုင်းနှုန်းကို၎င်း၊ ဒေါ်လာ ၂၀၀ နှင့် ၄၀၀ အကြားရရှိသူများ၏ လုပ်ခ ၄၀ ရာခိုင်နှုန်းကို၎င်း၊ ဒေါ်လာ ၄၀၀ အထက်ရရှိသူများ၏ ၅၀ ရာခိုင်နှုန်းကို၎င်း မြန်မာနိုင်ငံသို့ လွှဲပို့ပေးရန်နှင့် ၄င်းငွေကိုအစိုးရမှ အက်ဖ်အီးစီဖြင့် ပြန်ထုတ်ပေးမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိအနေအထားတွင် နိုင်ငံခြားသို့ တရားဝင်သွားရောက်လုပ်ကိုင်သော အလုပ်သမားများမှာ သက်ဆိုင်ရာသံရုံး များတွင်၎င်း၊ မိမိတို့၏အလုပ် အေဂျင်စီတွင်၎င်း ဝင်ငွေအခွန်များပေးဆောင်နေရသည်။

မလေးရှားနိုင်ငံတွင် တရားဝင်အလုပ်လုပ်ကိုင်နေသော နိုင်ချမ်းအောင်အဆိုအရ နှစ်စဉ်ဝင်ငွေအခွန်ပေးဆောင်နေ ရသော်လည်း မြန်မာသံရုံးအနေနှင့် အလုပ်သမားများ၏လုံခြုံရေး၊ လူမှုရေး၊ သွားလာရေးကိစ္စအဝဝကို လုံးဝတာဝန် ယူမှုမရှိခဲ့ကြောင်း တရားမဝင်လာရောက်သူများထက်ပင် အခွင့်အရေးနည်းပါးကြောင်း နိုင်ငံရပ်ခြားတွင် အနှိပ်ခံရ ခြင်းမှာ အတူတူပင်ဖြစ်နေကြောင်း ပြောပြခဲ့သည်။

ဒီဝင်ငွေအခွန်ကိုပေးဆောင်ရတာဟာ နိုင်ငံတကာဥပဒေနဲ့ကိုက်ညီပါတယ်၊ သင့်လည်းသင့်တော်ပါတယ်၊ ဒါပေမယ့် တဖက်မှာ အခွန်ယူသလို တဖက်မှာသူတို့ဘဝလုံခြုံရေး၊ အလုပ်လုပ်ကိုင်တဲ့အခွင့်အလမ်း ပိုမိုကောင်းမွန်လာအောင် အစိုးရအနေနဲ့လုပ်ပေးဘို့လဲ တာဝန်ရှိပါတယ်၊ ဒါကိုလစ်လျုရှုနေမယ်ဆိုယင် မလိုလာအပ်တဲ့ပြဿနာအရပ်ရပ် တွေဟာ အလုပ်သမားတွေ ခံစားနေရမှာဖြစ်တယ်ဟု ဂျာနယ်တစ်စောင်၌ စီးပွါးရေးပညာရှင်တစ်ဦးက သုံးသပ်ဖေါ် ပြခဲ့သည်။
http://www.kaowao.org/b မှဖြစ်ပါသည်။

Category:

About Nhamngahanh: My name is Dinh Quang Huy . Known as Nhamngahanh .I'm administrator of SimplexDesign blog .This blog was opened for test .