မြန်မာလူမျိုးများနှင့် ရင်းနှီးကျွမ်းဝင်မှုမရှိသော နိုင်ငံများမှ အလုပ်ခေါ်စာများ ရှိလာပါက သတိပြုသင့်

Anonymous | 12:06 AM |

ဟံသာဝတီ | မြန်မာ လူမျိုးများနှင့် ရင်းနှီး ကျွမ်းဝင်မှု မရှိသော နိုင်ငံများမှ အလုပ် ခေါ်စာများ ရှိလာပါက သတိ ပြုသင့်သည်ဟု အလုပ်သမား ရေးရာ ကျွမ်းကျင် သူများနှင့် ကိုယ့်တွေ့ ကြုံ ခဲ့ ရသူများ၏ ပြန်လည် ပြောပြချက် များအရ သိရှိ ရပါသည်။ ပါပူအာနယူးဂီနီ၊ အစ္စရေး အပြင် ဥရောပ နိုင်ငံများ ထဲမှနိုင်ငံ အချို့မှ အလုပ်ခေါ်စာ များရှိခဲ့ရာ ယင်းနိုင်ငံ များသို့ လအနည်းငယ် ကြာသွား ရောက်ရမည်ဟု ဆိုကာ အင်တာဗျူး များအား ဖုန်း ဖြင့်ပြုလုပ်၍ အလုပ်သမား ခေါ်ယူ ခြင်းများ ရှိခဲ့သည်ဟု သိရှိရသည်။

လွန်ခဲ့သော နှစ်နှစ်ခန့် က ပါပူအာ နယူးဂီနီမှ လူနည်းစုသာ လျောက်ထား နိုင်သော အလုပ်သမား ခေါ်စာများ ရောက်ရှိလာခဲ့ပြီး လအနည်းငယ် ကြာမြင့်လျင် သြစတြေးလျနိုင်ငံသို့ သွားရောက်ရမည် ဆိုသော်လည်း ယင်းအစီအစဉ်မှာ လိမ်လည်ခြင်းများ ဖြစ်ခဲ့သည်ဟု ကိုယ်တွေ့ကြုံခဲ့ရသူ အသက် ၃၀နှစ်အရွယ် အမျိုးသား တစ်ဦးက ပြန်လည် ပြောပြခဲ့ပါသည်။

ထို့ပြင် အစ္စရေးနိုင်ငံမှ အလုပ်ခေါ်စာများ ရှိလာခဲ့ကာ ယင်းမှာ လူဦးရေ အကန့်အသတ်ဖြင့် ခေါ်ယူ ကြသည့်အပြင် အောက်ခြေ လူတန်းစား များသာ ခေါ်ယူခြင်း ဖြစ်ခြင်းကြောင့် မြန်မာအလုပ်သမားများ အနေဖြင့် သွားရောက်ရန် လွယ်ကူနိုင်မည် မဟုတ်ကြောင်း အလုပ်သမားရေးရာ ကျွမ်းကျင်သူတစ်ဦးက ထောက်ပြ ပြောဆိုခဲ့ပါသည်။

''အစ္စရေးက အလုပ်ခေါ်တယ် ဆိုတာ အရင်တုန်းကတော့ ရှိခဲ့ဖူး တယ်။ ဒါပေမယ့် လူဦးရေနည်းနည်း ပဲခေါ်တယ်။ ဖိလစ်ပိုင်တွေ အများဆုံးကို ခေါ်တာများတယ်။ ခေါ်တဲ့ အလုပ်တွေတိုင်းကလည်း Off-Job တွေများတယ်။ ပုံမှန် လာလေ့လာထ မရှိတဲ့နိုင်ငံတွေက ခေါ်တာမျိုးဆိုရင် လုံးဝ သတိပြုသင့်ပါတယ်''ဟု Alpha World Link သင်တန်းကျောင်းမှ ကိုကျော်မျိုးထွန်းက ပြောပြခဲ့ပါသည်။


အစ္စရေးနိုင်ငံသည် ယခင်နှစ်များက လာရောက်ခေါ်ယူခြင်းရှိခဲ့ သည့်ဖြစ်ရပ်နှင့် ပတ်သက်၍ သွားရောက်ခါနီးဆဲဆဲ၌ ဖျက်သိမ်းခံရသည့် ဖြစ်ရပ်မျိုးနှင့် ကြုံတွေ့ခဲ့ရသည်ဟု အစ္စရေးနိုင်ငံသို့ သွားရောက်ရန် ကြိုးစားခဲ့ဖူးသူ မြန်မာလူငယ်တစ်ဦးက ပြန်လည်ပြောပြခဲ့ပါသည်။

''အဲဒီနိုင်ငံမှာ စိုက်ပျိုးရေးနဲ့ ပတ်သက်တာ၊ လူအိုရုံတွေမှာ သူတို့ နိုင်ငံသားတွေ မလုပ်ချင်တဲ့အလုပ်တွေ လုပ်ရတာ၊ စိုက်ပျိုးရေး လုပ်ငန်းတွေ မှာလုပ်ရတာမျိုးတွေ လာခေါ်ကြတယ်။ ယဉ်ကျေးမှု မတူညီတာတွေ ရှိပေမယ့်လည်း အဲဒီအချိန်တုန်းက အရမ်းကို သွားချင်နေခဲ့တယ်။ ပြီးတော့ ငွေကုန်ပြီး မသွားဖြစ်ခဲ့ပါဘူး''ဟု ကိုယ်တွေ့ ကြုံခဲ့ဖူးသူ တစ်ဦးက ပြောပြခဲ့ပါသည်။

နိုင်ငံရပ်ခြားမှ အလုပ်ခေါ်ယူ ခြင်းများသည် လွန်ခဲ့သောနှစ်ပေါင်း ၁၅ နှစ်တာကာလကပင် စတင်ခဲ့ရာ ထိုအချိန်က ကူဝိတ်နိုင်ငံမှ မည်သည့် အေဂျင်စီနှုန်းထားခများ ကောက်ခံခြင်းမရှိဘဲ လာရောက် ခေါ်ယူခြင်း ရှိခဲ့သည်ဟု မြန်မာလူမျိုးများနှင့် ကျွမ်းဝင်ခြင်းမရှိသော နိုင်ငံအဖြစ် ပထမဦးဆုံး စတင်ခေါ်ယူခဲ့ဖူးသော ဖြစ်ရပ်များရှိကြောင်း စုံစမ်းသိရှိရသည်။

ယခုနှစ်ပိုင်းတွင် မြန်မာလူမျိုး များနှင့် ရင်းနှီးကျွမ်းဝင်မှု မရှိသော နိုင်ငံများအဖြစ် နယူးဇီလန်၊ ပိုလန် နှင့် အခြားသော အရှေ့အလယ်ပိုင်း နိုင်ငံအချို့ရှိခဲ့ရာ ဥရောပနိုင်ငံအချို့မှ လာရောက်ခေါ်ယူသည့် အလုပ်ခေါ်စာများ အနေဖြင့် အေဂျင်စီများက မည် သည့် အာမခံချက်မျိုး ပေးခြင်းဖြင့် ခေါ်ယူသွားမည်ကို သေချာစွာ စုံစမ်းမေးမြန်းပြီးမှ သွားရောက်သင့်သည်ဟု နိုင်ငံတကာ အလုပ်အကိုင်ရေးရာ အတွေ့အကြုံရှိသူ အချို့က ပြောပြခဲ့ပါသည်။
http://www.hanthawaddy.org/ မှ ကူးယူဖော်ပြပါသည်။

Category:

About Nhamngahanh: My name is Dinh Quang Huy . Known as Nhamngahanh .I'm administrator of SimplexDesign blog .This blog was opened for test .