သာသနာ့ ဥသျှောင်အဖွဲ့ ၏ကြေငြာချက်ကို ပြန်လည်သုံးသပ်မှုပြုလုပ်ရန်

Anonymous | 2:02 AM |

နအဖ အစိုးရဖွဲ့မှ ထုတ်ပြန်ထားသော ၂၀၁၀ ရွေးကောက်ပွဲကြေငြာချက်သည် နိုင်ငံတကာဖိအား လျော့ပါးလေအောင် မသေမချာ မရေမရာဖြင့် ထုတ်ပြန်ခဲ့ခြင်းသာဖြစ်သည်။ ဘယ်နေ့ဘယ်အချိန်တွင် ပြုလုပ်မည် စသည်ဖြင့် တိကျစွာ ကြေငြာထားခြင်းလဲ မရှိသလို။ ဘယ်ပုံ ဘယ်နည်း ဖြင့်ကျင်းပမည်ဟုရွေးကောက်ပွဲဆိုင်ရာ စည်းမျဉ်း ဥပဒေများလဲ ဘာတခုမှ မထုတ်ပြန်ရသေးပါ။

သို့ပါလျှက် သာသနာ့ ဥသျောင်အဖွဲ့ မှ ရွေးကောက်ပွဲတွင် ပြည်ထောင်စုတိုင်းရင်းသူ တိုင်းရင်သားပါတီပေါင်းစုံ ပါဝင်နိုင်အောင် တောင်းဆိုနေခြင်းသည် န အ ဖ ပြုလုပ်မည့် စစ်ဗိုလ်တမတ်သား အာဏာရှင်စနစ် အဓွန့်ရှည်ရေး ရွေးကောက်ပွဲကို ထောက်ခံ အားပေးနေသည့် သဘောထားသက်ရောက်နေပေသည်။
Statement of IBMO on 2nd annual conference (Burmese)
န အ ဖ စစ်အစိုးရ ကျင်းပ ပြုလုပ်ပေးမည့် ၂၀၁၀ ရွေးကောက်ပွဲသည် ၂၀၀၈ ခုနှစ်က နာဂစ်အပြီး ပြည်သူလူထု ဆန္ဒ ကို မျက်ကွယ်ပြုလျှက် အတင်းအဓမ္မ ပြုလုပ်ခဲ့သော ဆန္ဒ ခံယူပွဲသာဖြစ်ပါသောကြောင့် ပြည်သူလူထု ဆန္ဒကို ဘယ်လိုမှ မထင်ဟပ်ပါ။ ပြည်သူလူထု ဆန္ဒကို မျက်ကွယ်ပြုထားသော အခြေခံ ဥပဒေဖြင့် ကျင်းပမည်ဖြစ်သော ၂၀၁၀ ရွေးကောက်ပွဲသည် ပြည်သူလူထု အကျိုးစီးပွားကို မည်သို့မျှ အကောင်းအထည်ဖေါ်ဆောင်နိုင်မည် မဟုတ်ပေ။

ထို့ အပြင် ၂၀၀၈ ခု နှစ်က အတည်ပြုခဲ့သော ဖွဲ့ စည်းပုံအခြေခံ ဥပဒေသည် နိုင်ငံတကာ စံချိန် စံညွန်းနှင့် ကိုက်ညီခြင်းမရှိသလို။ ပြည်ထောင်စုသား တိုင်းရင်းညီအကိုများကလဲ လက်ခံနိုင်ခြင်းမရှိပေ။ ထိုအခြေခံဥပဒေတွင် အဓိက အရေးပါသော နေရာများကို စစ်တပ်ကသာ ကြိုးကိုင် ချယ်လှယ်ခွင့်ရယူထားသည်။

ပြည်သူ့ ကိုယ်စားလှယ်များမှာ ရုပ်သေးရုပ်သဖွယ် ဘာမှ လုပ်ပိုင်ခွင့် အပြည့်အ၀မရရှိပေ။ ဒီမိုကရေစီ ဆိုသည်မှာ လွတ်တော်သည်သာလျှင် အာဏာအမြင့်ဆုံးဖြစ်သည်။ အခု နအဖ ပြုလုပ်၂၀၁၀ ရွေးကောက်ပွဲသည် ၂၀၀၈ ခုနှစ်က သူတို့ စိတ်ကြိုက်ပြုလုပ်ထားသော ဖွဲ့ စည်းပုံအခြေခံဥပဒေကို အတည်ပြု အသက်ဝင်အောင် ပြုလုပ်ပြီး အာဏာကို တရားဝင်ဆက်လက် ထိမ်းချုပ်နိုင်အောင် ရေးဆွဲထားသော ဥပဒေဖြင့် ကျင်းပပေးမည့် ရွေးကောက်ပွဲသာဖြစ်သည်။

ထို့ကြောင့် ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲတုန်းက အနိုင်ရခဲ့သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် အမျိုးသားပြန်လည်ညီညွတ်ရေး။ ပြည်သူလူထု ကောင်းစားရေးအတွက် ၂၀၀၈ ခု နှစ်ကလူထုဆန္ဒခံယူပွဲဖြင့် အတည်ပြုခဲ့သော ဖွဲ့ စည်းပုံအခြေခံ ဥပဒေကို ပြည်ထောင်စုသား အားလုံးက လက်ခံနိုင်သည့် အဖွဲ့ စည်းပုံဥပေဒဖြစ်ဘို့ ပြန်လည် ပြင်ဆင်ပေးရန် အကျိုးအကြောင်းဆီလျှော်စွာ မေတ္တာ ရပ်ခံ တောင်းဆိုနေခြင်းဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၏ တောင်းဆိုချက်ကို နအဖအဖွဲ့ က တစုံတရာ အကြောင်းပြန်ကြားခြင်းမပြုဘဲ ၂၀၁၀ ရွေးကောက်ပွဲကို ဇွတ်အတင်းပြုလုပ်လာလျှင် တိုင်းပြည် ငြိမ်းချမ်းရေးမရဘဲ ပြည်တွင်းစစ်မီးထပ်မံမွှေးလိုက်သလိုဖြစ်ပြီး ပြည်သူလူထု ဆင်းဒုက္ခမျိုးစုံနှင့် ကြုံတွေ့ ရမည်သာဖြစ်သည်။

ထိုကြောင့် သာသနာ့ ဥသျှောင်အဖွဲ့ အနေဖြင့် နအဖ က ၂၀၀၈ အခြေခံဥပဒေအရ ကျင်းပပြုလုပ်မည့် ၂၀၁၀ ရွေးကောက်ပွဲ ဖြစ်စဉ်အမှားတွင် နအ ဖ နဲ့ အတူ သမိုင်းတရားခံမဖြစ်ဘို့  အရေးကြီးပါသည်။ တိုင်းပြည်အတွက် အင်မတန် အရေးကြီးပါသည်။ ဆင်ခြင်သုံးသပ်ဘို့ အကြံပြုတင်ပြခြင်းဖြစ်ပါသည်။

ဦးပညာဝရ။ (ရှစ်လေးလုံး)

Category:

About Nhamngahanh: My name is Dinh Quang Huy . Known as Nhamngahanh .I'm administrator of SimplexDesign blog .This blog was opened for test .