တရုတ်ဒုသမ္မတ မြန်မာနိုင်ငံသို့ လာရောက် သဘောတူညီချက် (၁၆) ခု လက်မှတ်ရေးထိုးသွား

Anonymous | 1:44 AM |

တရုတ်ဒု-သမ္မတ မစ္စတာ ရှီကျင့်ဖျင်၏ (၂) ရက်ကြာ အလည်ပတ်ခရီးစဉ်အဖြစ် ယခုလ (၁၉) ရက်၌ မြန်မာနိုင်ငံသို့ လာရောက်ပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာနှင့် သဘောတူညီချက် (၁၆) ခု လက်မှတ် ရေးထိုးခဲ့သည်။

စီးပွားရေးနှင့် ကုန်သွယ်ရေး၊ ပို့ဆောင်ရေး၊ အခြေခံ လအဆောက်အအုံများ ဖွံ့ဖြိုးရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး၊ နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး၊ စက်ပစ္စည်းကိရိယာ ဝယ်ယူရေး စသည့်သဘောတူညီချက် (၅) ခု၊ ဘဏ္ဍာရေးဆိုင်ရာ သဘောတူညီ ချက် (၇) ခု၊ ရေအားလျှပ်စစ်ဆိုင်ရာ သဘောတူညီချက် (၃) ခု၊ စွမ်းအင်ကဏ္ဍ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းသဘောတူ ညီချက် (၁) ခု စုစုပေါင်း သဘောတူညီချက် (၁၆) ခုနှင့် နားလည်မှု စာချွန်လွှာကို လက်မှတ် ရေးထိုးခဲ့သည်ဟု ယနေ့ထုတ် နအဖပိုင် သတင်းစာများတွင် ဖော်ပြထားသည်။

တရုတ်ဒု-သမ္မတ ရှီကျင့်ဖျင် ခရီးစဉ်သည် ဒု-ဗိုလ်ချုပ်မှူးကြီး မောင်အေး၏ ဖိတ်ကြားချက်အရ လာရောက်ခြင်းဖြစ်ကြောင်း နအဖဘက်က သတင်းထုတ်ပြန်ထားပြီး သူ့ခရီးစဉ်အတွင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့်လည်း တွေ့ဆုံခဲ့သည်။

ဒုသမ္မတ Xi သည် ၂၀၁၂ တွင် ပါတီခေါင်းဆောင်အဖြစ် လည်းကောင်း၊ ၂၀၁၃ တွင် သမ္မတ အဖြစ်လည်းကောင်း ရာထူး လွှဲပြောင်းရယူမည် ဖြစ်သည်။ ၎င်း၏ ဒေသတွင်း ၄ နိုင်ငံ ခရီးစဉ်မှာ ဂျပန်နိုင်ငံတွင် စတင်ခဲ့ပြီး ကမ္ဘာဒီးယားသို့ သွားရောက်ပြီးနောက် အင်္ဂါနေ့တွင် အဆုံးသတ်မည် ဖြစ်ကြောင်းသိရပါသည်။
မျှဝေပေးသူ - ကိုမင်းရန်နိုင်

Category:

About Nhamngahanh: My name is Dinh Quang Huy . Known as Nhamngahanh .I'm administrator of SimplexDesign blog .This blog was opened for test .