အမေရိကန် စင်တာတွင် အင်္ဂလိပ်စာ သင်ကြားလျက်ရှိသော Ms. Christina အား မြန်မာပြည်မှ ပြည်နှင်ဒဏ်ပေး

Anonymous | 12:52 AM |

ရန်ကုန်မြို့ရှိ အမေရိကန် စင်တာတွင် အင်္ဂလိပ်စာ သင်ကြားလျက်ရှိသော Ms. Christina အား မြန်မာပြည်မှ ပြည်နှင်ဒဏ် ပေးလိုက်ကြောင်း အမေရိကန် သံရုံးနှင့် နီးစပ်သော သတင်းရပ်ကွက် က ပြောသည်။

Christinaသည် မန္တလေးမြို့ရှိ အမေရိကန် ကောင်စစ်ဝန်ရုံးတွင် ပတ်ဝန်းကျင်ရေးရာ ပြဿနာများနှင့် ပတ်သက်၍ ဆွေးနွေးပွဲ ပြုလုပ်ခဲ့ပြီး အပြန် ရန်ကုန် အဝေးပြေး ကားဂိတ်၌ အာဏာပိုင်များက ထိန်းသိမ်း၍ ရန်ကုန် လေဆိပ်သို့ ပို့ဆောင်လိုက်သည်ဟု ဆိုသည်။ ယင်းဆွေးနွေးပွဲသို့ မန္တလေး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ လူငယ်များလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။

အမေရိကန် သံရုံးနှင့် နီးစပ်သူတဦးက “မန္တလေး အမေရိကန် ကောင်စစ်ဝန်းရုံးမှာ သူက ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ပတ်သက်ပြီးတော့ သင်တန်း ပေးတယ်၊ ပြီးခဲ့တဲ့ စနေနေ့ မြောက်ဥက္ကလာ အောင်မင်္ဂလာ ကားဂိတ် ပြန်ရောက်ရောက်ချင်းပဲမှာ သူ့ကို လာစောင့်ပြီးတော့ လေဆိပ်ကို တန်းပို့လိုက်တယ်၊ သူ့အခန်းတောင် ပေးမပြန်ဘူး”ဟု ပြောသည်။ အမေရိကန်သံရုံး လက်ထောက် ပြန်ကြားရေး အရာရှိက Drake Weisertက အဆိုပါသတင်းနှင့် ပတ်သက် ၍ အတည်ပြု ပြောကြား ခဲ့သော်လည်း အသေးစိတ် ပြောဆိုရန် ငြင်းပယ်ခဲ့သည်။

၂၀၀၇ခုနှစ်က စတင်၍ မြန်မာပြည်သို့ စာသင်ကြားပို့ချရန်ရောက်ရှိနေသော Christinaသည် စီးပွားရေး လုပ်ငန်း သမားများအတွက် ထုတ်ပေးထားသော ဗီဇာ အမျိုးအစားကို ကိုင်ဆောင်ထားပြီး ရန်ကုန် အမေရိကန် စင်တာရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အဖွဲ့၏ စည်းရုံးရေးမှူးလည်း ဖြစ်သည်။ မေလက ရန်ကုန်အမေရိကန် စင်တာ အစီအစဉ်ဖြင့် မန္တလေးတွင် သင်တန်းပေးလျက်ရှိသော ဓာတ်ပုံ သတင်းထောက် ဂျယ်ရီရက်ဖန်း (Jerry Redfern) နှင့် ဇနီး ဖြစ်သူ စာရေးဆရာမ ကာရင်ကုတ်စ် (Karen Coates) တို့ ၂ ဦးကိုလည်း ယခုကဲ့သို့ ပြန်လည် ပို့ဆောင်ခဲ့ဖူးသည်။

ရန်ကုန်ရှိ အမေရိကန်စင်တာသည် အင်္ဂလိပ်စာသင်တန်းများနှင့် စာကြည့်တိုက်များ ဖွင့်လှစ်ပေးထားပြီး လူသိများသည့်နေရာ တခုဖြစ်သည်။
ကိုရွှေနန္ဒမှ ပေးပို့ပါသည်။

Category:

About Nhamngahanh: My name is Dinh Quang Huy . Known as Nhamngahanh .I'm administrator of SimplexDesign blog .This blog was opened for test .