မခိုင်ရွှန်းလဲ့ရည်မိသားစုအား SSC အထူးကုဆေးခန်း မှ တာဝန်ရှိသူ အချို့ လာရောက် တောင်းပန်

Anonymous | 11:59 AM |

ကွယ်လွန်သူ မခိုင်ရွှန်းလဲ့ရည်၏ မိသားစုအား SSC အထူးကု ဆေးခန်း မှ ဒီဇင်ဘာလ ၄ ရက်နေ့ နှင့် ၅ ရက်နေ့ များက လာရောက်၍ ၀န်ချ တောင်းပန် သွားသည်ဟု မိန်းကလေး မိသားစုက ဒီဇင်ဘာလ ၅ ရက်နေ့က ပြောကြား ပါသည်။ ဒီဇင်ဘာလ ၄ ရက်နေ့တွင် SSC အထူးကု ဆေးခန်းမှ နံနက် ၈ နာရီတွင် လာရောက် တောင်းပန် သော်လည်း ကာယကံရှင် မိသားစုမှ မိသားစု အတွင်း ဆွေးနွေး တိုင်ပင် ဦးမည် ဖြစ်ကြောင်း ပြန်လည် ပြောကြား ခဲ့သည်ဟု ၎င်းတို့က ဆိုပါ သည်။ ဒီဇင်ဘာလ ၅ ရက်နေ့ နံနက် ၉ နာရီတွင် SSC အထူးကု ဆေးခန်းမှ MD အပါအ၀င် ဒါရိုက်တာ အဖွဲ့ဝင် သုံးဦး လာရောက်ကာ ကျွန်မ တို့ကို ''ကျေနပ်လောက်အောင် ၀န်ချ တောင်းပန် ပါတယ်''ဟု မိန်းကလေး၏ မိခင်က ဆိုပါသည်။

ဝန်ချတောင်းပန်ခြင်းနှင့် ပတ်သက်၍ မိမိတို့အား ကျေနပ်တဲ့အထိ တောင်းပန်သွားတဲ့အတွက် ''ကျေနပ်ခွင့်လွှတ် ပါတယ်''ဟု ၎င်းက ဆက်လက် ပြောကြားပါသည်။

ဒီဇင်ဘာလ ၅ရက်နေ့ တွေ့ဆုံမှုမှာ အချိန် ၂ နာရီကြာမြင့်ခဲ့ကြောင်း မိန်းကလေးမိသားစုက ပြောပါသည်။

မြို့နယ်ဆရာဝန်ကြီးမှတစ်ဆင့် နိုဝင်ဘာလ ၂၇ ရက်နေ့တွင် ဆေးကောင်စီမှ ၎င်းတို့အား တွေ့ဆုံလိုသည့် ခေါ်စာရောက်ရှိလာသည်ဟု မိခင်ဖြစ်သူက ပြောကြားသည်။ ယင်းခေါ်စာအရ ဆေးကောင်စီသို့ နိုဝင်ဘာလ ၂၈ ရက်နေ့လည် ၁ နာရီတွင် သွားရောက်ခဲ့ကာ အကြောင်းစုံကို ရှင်းလင်းပြောကြားခဲ့သည်ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

http://www.hanthawaddy.org/2009/12/ssc.html?utm_source=feedburner&utm_medium=email

Category:

About Nhamngahanh: My name is Dinh Quang Huy . Known as Nhamngahanh .I'm administrator of SimplexDesign blog .This blog was opened for test .