အိပ်မက်ထဲက ခေါင်းဆောင်

Anonymous | 11:52 PM |

ဂန္ဒီ… ၇၆နှစ်၊ ဟို…၅၅နှစ် တို့ နဲ့ ရင်ပေါင်တန်းလို့ 
တို့ နိုင်ငံရဲ့… ဟီးရိုးလက်တောက် ဗိုလ်ချုပ်အောင်ဆန်း
နယ်ချဲ့ စနစ်ကို… မီးခိုးကြွက်လျှောက် ပြိုလှုပ်အောင်စွမ်းခဲ့တယ်။

သူ့ အဖြူရောင် သန့် သန့် အချစ်တွေကို
အမည်းရောင်အောက်ခံခေတ်မှာ
ထင်ဟပ် ကြည့်ခွင့်ရတော့
သမိုင်းတခုဟာ ရင်သပ်ရှုမော။

ကွာတယ်…မိုးနဲ့ မြေလို ကွာတယ်
ကွာတယ်…သူခိုးနဲ့ အဖေလို ကွာတယ်
တံတွေးခွက်ထဲမှာ မျှောရင်း
သွေးကွက်ထဲမှာ တောနင်းလို့ 
သိုက်တူးနေကြတဲ့ သူတွေကြားမှာ…
ဝတ္ထုဇာတ်ကောင်ဆန်ဆန်
ငါးမူးတန်းကနေ ရုပ်ရှင်ကြည့်ခဲ့တဲ့ သူ့ကိုလွမ်းတယ်။

မထူးဆန်းပေမယ့် ထူးဆန်းတယ်။
သူ့ ကြောင့်လွတ်လပ်သွားခဲ့ဖူးတဲ့ နိုင်ငံမှာ
သူ့ ပုံကားချပ်တွေလိုက်ဝေတာဟာ
စွန့် စားပြီးလုပ်ရတဲ့ အလုပ်တဲ့။

မထူးဆန်းပေမယ့် ထူးဆန်းတယ်။
အာဇာနည်နေ့ မှာ
အာဇာနည်တယောက်ပုံပါတဲ့ အင်္ကျီတွေ
အာဇာနည်ကုန်းပေါ် ဝင်ခွင့်မရခဲ့ဘူး။

သြော်…
လွတ်လပ်ခြင်းနဲ့ ဒီမိုကရေစီ
အဖ သွေးနဲ့ စိုက်ခဲ့တဲ့ပန်း
သားတို့ နမ်းခွင့်မရလိုက်ဘူး။

ကောင်းကင်ကို

Category:

About Nhamngahanh: My name is Dinh Quang Huy . Known as Nhamngahanh .I'm administrator of SimplexDesign blog .This blog was opened for test .