လုပ်ပိုင်ခွင့်ရှိသလောက်မှာ အရနိုင်ဆုံး လုပ်တဲ့ ရက်ကွပ်လူကြီး တစ်ယောက်အကြောင်း အများသိစေရန်

Anonymous | 12:51 AM |

ပေးပို့စာ | ကျွန်တော်တို့ ကျိုက္ကဆံရပ်ကွပ်သည် ဗဟန်းမြို့နယ်အတွင်းတွင်ရှိပါသည်။ ကျွန်တော်တို့ ရပ်ကွက်အတွင်းတွင် လမ်းများခင်းမည်ဟု YCDCမှ ရပ်ကွပ်အတွင်းသို့စာရပါသည်။ ထိုသို့စာမကျခင် မြို့တော်ဝန်မှ လာရောက်ကြည့်ရှုပါသည်။

သို့ရာတွင်လမ်းဘေးပျံကျဈေးဆိုင်များကို တစ်ပေမလွတ်လျှင် တစ်ပေသာ နောက်ဆုတ်ခိုင်းသည်ကို တော်တော် များများသိပါသည်။ သို့ရာတွင် ရပ်ကွက်လူကြီး ဦးခင်ညွန့်မှ ဆိုင်များကိုဖျတ်ခိုင်းပါသည်။ ပြီးနောက်တဆိုင်လျှင် 10'x10' ကို တဆိုင်လျှင်နှစ်သောင်းနှုန်းကောက်ပါသည်။ ဒါတင်မပြီးသေးပါ မိမိဆိုင်ရှေ့ ရေမြောင်းကိုတစ်ပေလျှင် နှစ်ထောင်နှုန်းထပ်မံကောက်ခံပါသည်။ ၄င်းမှာဖြစ်သင့်ပါသလား ဈေးသည်များမှာမရှိ ရသည့်ကြားမှ ထိုသို့ပေးရမည်မှာ နူနေသည့်ကြားမှ ၀ဲဆွဲနေသည့်ပုံလိုမဖြစ်လား ခင်ဗျာ။ ဒါပေမဲ့ ရပ်ကွက်လူကြီး ဦးခင်ညွန့်နဲ့ ပတ်သတ်တဲ့သူတွေ အကျိုးတူအကျိုးဖက်တွေက ဆိုင်အဖျက်မခံရပါ။ ဆိုင်အဖျက်ခံရသည့် ဈေးသည်များမှာ ဒီမနက်ငိုကြွေးနေပါတယ်။

မြန်မာတို့သည် ခန္တီစတ၇ားလက်ကိုင်ထားသည်မှာ(၁၉၈၈)ခုနှစ်မှ ယနေ့ထက်တိုင်ဖြစ်ပါသည်ကြားမှ ကျွန်တော့်မှာမနေနိုင် သဖြင့် ညီငယ်ထံသို့စာဖြင့် အကူအညီတောင်းခံခြင်းဖြစ်ပါသည်။မြန်မာမှန်လျှင် အိမ်နီးခြင်းကိုကူညီရမည်ဖြစ်ပါသည်။ ကျွန်တော်သည်လည်းမြန်မာထဲမှမြန်မာတယောက်ဖြစ်နေသဖြင့် လက်ပိုက်ကာကိုယ်နှင့်မဆိုင်ဟုနေလို့မရပါ။

ဒီမိုကရေစီကိုမြတ်နိုး သူလူငယ်တဦးအနေဖြင့် မည်ကဲ့သို့မှမနေနိုင်ပါ။ သို့ပါသောကြောင့် ရပ်ကွက်လူကြီး ဦးခင်ညွန်နှင့် သူ၏ အပေါင်းအပါတစုတို့ အစွယ်ထွက်နေပုံကို မြင်စေလိုပါသည်။ ကျန်ကိစ္စများကိုတော့ မပြောလိုတော့ပါ အပုပ်ချသည် ထင်မှာစိုးလို့လိုရင်းသာ တင်ပြပေးပါသည်။

သူတို့၏ရှေ့ဆောင်လမ်းပြမှာ ဆရာစံတောင်ဥက္ကဌ ဦးကျော်ကြီး(ကွယ်လွန်) နှင့် ဗိုလ်စိန်မှန်ဥက္ကဌ ဆရာတင့် မြန်မာစာ တို့ပင်ဖြစ်ပါတော့သည်။ ညီငယ်တို့မှလည်း ကူညီစေလိုပါသည်။ အရာရာအတွက် ကျေးဇူးတင်ပါသည်။

Category:

About Nhamngahanh: My name is Dinh Quang Huy . Known as Nhamngahanh .I'm administrator of SimplexDesign blog .This blog was opened for test .