ဂျပန်ဝန်ကြီးချုပ် ဟာတိုယာမလည်း ဘလောက်အသုံးပြုပြီ

Anonymous | 12:18 AM |

လူထုထောက်ခံမှုနှုန်းကျဆင်းနေတဲ့ ဂျပန်ဝန်ကြီးချုပ် ယုကိအို ဟာတိုယာမက ''Hato Cafe"လို့အမည်ရတဲ့၊ သူ့ကိုယ်ပိုင်အင်တာနက်ဘလောက် စာမျက်နှာအသစ်ကို နှစ်သစ်ကူးနေ့မှာစတင်မိတ်ဆက်လိုက်ပြီး တဦးနဲ့ တဦးအယူအဆဖလှယ်နိုင်တဲ့ ''Twitter''ခေါ် စပ်မိစပ်ရာလူမှုရေး အင်တာနက်စ ကားဝိုင်းစာမျက်နှာကိုလည်း စတင်အသုံးလိုက်ပြီလို့ဆိုပါတယ်။

ဝန်ကြီးချုပ်ရဲ့ရည်ရွယ်ချက်ကတော့ ပြည်သူလူထုနဲ့တိုက်ရိုက်ထိတွေ့ ဆက် ဆံနိုင်ရန်အတွက်လို့ဆိုပါတယ်။ ဒါ့အပြင် အင်တာနက်စာမျက်နှာများပေါ်က ပြည်သူများရဲ့ထင်မြင်ယူဆချက်တွေကို အခွင့်အခါကြုံသည့်အခါတိုင်း ဖတ်ရှုပါ့ မယ်လို့လဲ ထည့်သွင်းပြောကြား သွားပါတယ်။

ဘလောက်ထဲမှာ''နှစ်သစ်မင်္ဂလာ သမယပါ''လို့ မိတ်ဆက်စကား ဖြင့်ဖွင့်လှစ်ခဲ့ပြီး၊ ပြည်သူနှင့်နိုင်ငံ ရေးကင်းကွာနေမှုများကို အဆုံးသတ်စေဖို့နှင့် တိုင်းပြည်စီးပွားရေးဖွံ့ဖြိုးတိုး တက်ရန်အတွက် ပြုပြင်ပြောင်းလဲမှုများကို အလေးထားပြီး လုပ်ဆောင်သွားဖို့အထိပါ ကြိုးစားမယ်လို့ဆိုပါတယ်။

ငွေကြေးအရှုပ်တော်ပုံကိစ္စအတွက်တောင်းပန်ထားပြီး ''ပြည်သူများ ရဲ့အသံများကို ကရု တစိုက်နားထောင်ပြီး ဝန်ကြီးချုပ်တာဝန်ကို အကောင်းဆုံးဖြစ်အောင်ကြိုးစား ဆောင်ရွက် သွားပါမယ်''လို့ ကတိပေးစကားရေးသားထားပါတယ်။ ''Twitter''စာမျက်နှာ တွင်လည်းအကြောင်းအရာတခုချင်းစီကို အခါအားလျော်စွာတင်ဆက်သွားမယ် လို့လည်းဆိုပါတယ်။

ဝန်ကြီးချုပ်ရဲ့ဘလောက်ကို လည်ပတ်ချင်သူတွေအတွက် http://hatocafe.kantei.go.jp/ ဖြစ်ပြီး Twitterကဏ္ဍအတွက် http://twitter.com/hatoyamayukioသို့ ဂျပန်ဘာ သာဖြင့်ဝင်ရောက်လည်ပတ်နိုင်ပါ တယ်။
ကိုအောင်ဌေး (မိုးသောက်ကြယ်)
မူရင်းသတင်း-
Japan PM starts tweeting, launches blog (AFP) – Jan 1, 2010
http://www.google.com/hostednews/afp/article/ALeqM5ioMkTAF5w0J62m3GFTqlyJElx_mg

Category:

About Nhamngahanh: My name is Dinh Quang Huy . Known as Nhamngahanh .I'm administrator of SimplexDesign blog .This blog was opened for test .