ပျော်စရာများအပြည့်နဲ့ မြန်မာနိုင်ငံကို ဖန်တီးနေသူများသို့

Anonymous | 11:03 PM |

ပြည်တွင်းမှအစ်ကိုတော် တစ်ဦးပေးပို့လာသောစာ
မြန်မာနိုင်ငံသည် အင်မတန်မှ ပျော်ပါးစရာပေါများသော နိုင်ငံတော်ကြီးဖြစ်ပါသည်။

မီးလာလျင်လဲ ပျော်ကျရပါသည်။
ရေလာလျင်လဲပျော်ကျရပါသည်။
ဟန်းဖုန်း လျှောက်လွှာ တင်ပီး ဟန်းဖုန်းရပြန်လျင်လဲထီပေါက်သလိုပျော်ကျရပါသည်။
ကားပါမစ်လေး တစ်စောင်ရလျှင်လဲပျော်ကျရပါသည်။
အိမ်ရှေ့လမ်းကို ကတ္တရာခင်းပေးလျင်လဲပျော်ကျရပါသည်။
အင်တာနက်များ လိုင်းကောင်းလာလျင်လဲပျော်ကျရပါသည်။
CITY FM Mandalay FM Cherry Fm စသည့်လိုင်းများ ဖမ်းယူနားဆင်ရရှိပီဆိုတော့လဲ ပျော်ကျရပါသည်။

များမကြာမှီအချိန်မှာ ရန်ကုန်မြို့တော်ကြီး ဟာ မီးခဏခဏ လာပါတော့မယ် နေ့မအား ညမနား နိုင်ငံတော်ကို တည်ဆောက်ခဲ့သည့်အချိန် အနှစ် ၂၀ အတွင်း ၅ နှစ်စီမံကိန်း ရေအားလျှပ်စစ်ထုတ်လုပ်ရေး လုပ်ငန်းများ မပြီးစီး နိုင်သေးသဖြင့် မြန်မာနိုင်ငံ ခေတ်မှီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်သို့ ချီတက်ရာတွင် တော်တော်ကြန့်ကြာခဲ့ရပါသည်။

ဦးဆောင်ချီတက်နေသူများမှာ နေပြည်တော်သစ်ကိုတည်ထား နန်းစံလျက် နေ့ဆိုလျင်လည်းမအား ညဆိုလျင်လည်းမနားပဲ နိုင်ငံတော်တာဝန်ထမ်းဆောင်နေပါလျက် တိုင်းပြည်မှာ ယခုအချိန်ထိ အခြေခံ လိုအပ်ချက်ဖြစ်သော လျှပ်စစ်မီးလုံလောက်စွာမရရှိခြင်းမှာ ဘာကြောင့်ဆိုသည့်အဖြေကို ဦးဆောင် ချီတက်နေသူများ ပြန်လည်သုံးသပ်သင့်ပြီဟု အကြံပြုအပ်ပါသည်။

တိုင်းပြည်၏ အဖက်ဖက်မှ ယိုယွင်းကျဆင်းလာသော စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး ပညာရေး နှင့် အခြေခံအဆောက်အအုံ လိုအပ်ချက်များ စသည့်ပြသာနာများကို ဖြေရှင်းနိုင်ရန် နိုင်ငံတော်၏ အာဏာအရပ်ရပ်နှင့် တာဝန်များကို ပြည်သူ့လက်ဝယ်သို့ ပြန်လည်အပ်နှင်းဖို့ရာ အချိန်ကျရောက်ပီဖြစ်ကြောင်း တိုက်တွန်းလိုက်ရပါသည်။

တိုင်းပြည်ချောက်ကမ္ဘားသို့ကျတော့မည့်အန္တာရယ်ကို ကယ်တင်ခဲ့သည့် တပ်မတော် ကပင် တိုင်းပြည်ကိုချောက်ထဲသို့ တွန်းချ နေခြင်းအဖြစ်သို့ရောက်ရှိနေပီဖြစ်ကြောင်းလဲ အချိန်မှီအသိတရား ရစေချင်ပါသည်။

နောင်သမိုင်းကြောင်းရာဇ၀င်တွင် စာတင်ခံရမည့်သူများ နာမည်ကျန်ရစ်မည့်သူများဖြစ်သည့် တာဝန်ရှိသူများမှ တာဝန်ရှိသည့်အလျောက် မိမိတို့အခြေအနေမှန်ကိုသိရှိနားလည်ပြီး မှတ်ကျောက်ကောင်းတင်ခံနိုင်ပါစေရန် တိုက်တွန်းလိုက်ရပါသည်။

Category:

About Nhamngahanh: My name is Dinh Quang Huy . Known as Nhamngahanh .I'm administrator of SimplexDesign blog .This blog was opened for test .