အန်အယ်လ်ဒီက ဗဟိုအလုပ်အမှုဆောင်များ ထပ်တိုး

Anonymous | 10:54 AM |

စိုးမိုး | အဓိက နိုင်ငံရေးပါတီကြီးဖြစ်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) က ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်သစ် (၇) ဦးမှ (၉) ဦးအထိ ထပ်တိုးဖွဲ့စည်းမည် ဖြစ်သည်။ နှစ်ပေါင်း (၂၀) ကျော် နိုင်ငံအာဏာကို သိမ်းယူထားသည့် စစ်အစိုးရက စစ်သား (၄) ပုံ (၁) ပုံ ပါသည့် အစိုးရသစ်ကို အာဏာလွှဲပြောင်းမည်ဆိုသည့် ယခုနှစ်တွင် ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရပါတီ အန်အယ်လ်ဒီက ပါတီလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရန် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို ထပ်တိုးဖွဲ့စည်း လိုက်ခြင်းဖြစ်သည်။

“စီအီးစီ (၇) ဦး၊ ဒါမှမဟုတ် (၉) ဦး ထပ်တိုးဖွဲ့စည်းမှာ ဖြစ်ပါတယ်။ လာမယ့် တနင်္လာနေ့ အစည်းအဝေးမှာ အတည်ပြု ခန့်အပ်မှာပါ” ဟု အန်အယ်လ်ဒီ ပြန်ကြားရေးတာဝန်ခံ ဦးခင်မောင်ဆွေက အတည်ပြုပြောကြားသည်။

ယခင် ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌ အပါအ၀င် ဗဟိုအလုပ်အမှုဆောင် (စီအီးစီ) အဖွဲ့ဝင် (၁၁) ဦးရှိရာမှ ယခု (၇) ဦးမှ (၉) ဦးအထိ ထပ်မံတိုးချဲ့မည်ဖြစ်ရာ စီအီးစီအဖွဲ့ဝင် (၁၈) ဦးမှ (၂၀) အထိ ရှိလာမည်ဖြစ်သည်။ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်သစ်များ စာရင်းကို လာမည့်တနင်္လာနေ့ အဖွဲ့ချုပ်အစည်းအဝေးတွင် တင်သွင်းအတည်ပြု သတင်းထုတ်ပြန်မည် ဖြစ်သည်။

အဓိက နိုင်ငံရေးပါတီကြီးဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ၁၉၉၀ ရွေးကောက်ပွဲတွင် မဲအပြတ်အသတ်ဖြင့် အနိုင်ရခဲ့သော်လည်း စစ်အစိုးရက အနိုင်ရပါတီအား အာဏာလွှဲပြောင်းပေးခြင်းမရှိဘဲ အာဏာသိမ်းယူခဲ့သည်မှာ ယနေ့တိုင်ဖြစ်သည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပြည်နယ်နှင့် တိုင်းအသီးသီးရှိ အန်အယ်လ်ဒီ ပါတီအဖွဲ့ချုပ် မြို့နယ်ရုံးခွဲများ ချိပ်ပိတ်ခံခဲ့ရပြီး အန်အယ်လ်ဒီ ပါတီဝင်အများအပြား ထောင်ဒဏ်ကျခံနေရဆဲ ဖြစ်သည်။ ယခုနှစ်လွတ်လပ်ရေးနေ့ သ၀ဏ်လွှာတွင် နအဖစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူုးကြီးသန်းရွှေက ၂၀၁၀ ခုနှစ်အတွင်း ရွေးကောက်ပွဲပြုလုပ်ပေးမည်ဟု အတိအလင်းထုတ်ဖော်ပြောဆိုခဲ့သည်။

ရွေးကောက်ပွဲနှင့်ပတ်သက်၍ အန်အယ်လ်ဒီဘက်မှလည်း အဖွဲ့ချုပ်ခေါင်းဆောင်များအပါအ၀င် နိုင်ငံရေးအကျဉ်းသားများ အားလုံးပြန်လွှတ်ပေးရန်၊ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှ ဒီမိုကရေစီ စံနှုန်းများနှင့်မကိုက်ညီသည့် အချက်များကို ပြင်ဆင်ပေးရန်၊ လွတ်လပ်တရားမျှတသည့် ရွေးကောက်ပွဲဖြစ်မြောက်ရေး နိုင်ငံတကာ စောင့်ကြပ်လေ့လာမှုများကို ခွင့်ပြုရန် နအဖထံ တောင်းဆိုထားပြီး ယင်းအချက်များကို လိုက်လျောခဲ့ပါက အန်အယ်ဒီအနေဖြင့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများကို လေ့လာကာ ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ရန် စဉ်းစားမည်ဟု ၂၀၀၉ ခု ဧပြီလအတွင်းက ရွှေဂုံတိုင်ကြေညာစာတမ်း တစောင် ထုတ်ပြန်ထားသည်။
http://www.khitpyaing.org မှ ပြန်လည်ကူးယူဖော်ပြပေးပါသည်။

Category:

About Nhamngahanh: My name is Dinh Quang Huy . Known as Nhamngahanh .I'm administrator of SimplexDesign blog .This blog was opened for test .