မြန်မာပြည်တွင် လူ ၁၁ ဦးကို ဖမ်းပြီး ဗုံးခွဲသည်ဟု စွပ်စွဲ

Anonymous | 1:00 AM |

AP သတင်းဌာန | မြန်မာစစ်အစိုးရက လူ ၁၁ ဦးကို ဖမ်းဆီးထားကြောင်း၊ ထိုသူများသည် ယခုနှစ် ပြုလုပ်မည့် ရွေးကောက်ပွဲကို ကဖျက်ယဖျက်လုပ်ရေးအတွက် ဗုံးဖောက်ခွဲမှုများ ပြုလုပ်ရန် စီစဉ်ခဲ့ကြောင်း ဗုဒ္ဓဟူးနေ့က စွပ်စွဲလိုက်သည်။

ထိုသူများသည် စက်တင်ဘာလအတွင်း ရန်ကုန်ရှိစက်မှုဇုန်တခုတွင် ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုများကို စီစဉ်ခဲ့သူများဖြစ်သည်ဟု မြန်မာ့အသံ ရေဒီယိုက ဆိုသည်။ ပြီးခဲ့သည့် အပတ်က မင်္ဂလာဒုံမြို့နယ်တွင် ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်ဟု သတင်းတွင် ပါရှိသည်။ အိမ်လုပ်ဗုံးများ၊ လျှပ်စစ် ဒီတိုနေတာ ၄၃ ခု၊ အမေရိကန်လုပ် TNT နှင့် C4 အမျိုးအစား ဖောက်ခွဲရေး ပစ္စည်များ၊ ပစ္စတို ၁ လက်၊ ဂြိုဟ်တုဖုန်း ၁ လုံး တို့ကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု သတင်းတွင် ဖော်ပြထားသည်။

ဖမ်းဆီးထားသူများတွင် ပြည်သူ့ပျောက်ကျားတပ်ဦး မှ အဖွဲ့ဝင်တဦး ပါဝင်ကြောင်း၊ ထိုအဖွဲ့သည် စွမ်းအားမြှင့် မြန်မာကျောင်းသား စစ်သည်တော်များအဖွဲ့ နှင့် ဆက်စပ်နေကြောင်း သတင်းက ဆိုသည်။ ၁၉၉၉ ခုနှစ် အောက်တိုဘာလက စွမ်းအားမြှင့် အဖွဲ့မှ အဖွဲ့ဝင် ၅ ဦးသည် ဘန်ကောက်မြို့ မြန်မာသံရုံးကို ၀င်ရောက် စီးနင်းခဲ့သူများ ဖြစ်သည်။ ထိုစဉ်က ဓားစာခံ ၃၈ ဦးကို ဖမ်းဆီးထားပြီး မြန်မာပြည် ဒီမိုကရေစီ ရရှိရေးကို တောင်းဆိုခဲ့ကြသည်။

နောက်ပိုင်းတွင် ထိုင်းအစိုးရက သူတို့ကို နယ်စပ်ဒေသသို့ ပို့ဆောင်ပေးခဲ့သဖြင့် ပျောက်ကွယ်သွားသောကြောင့် မြန်မာအစိုးရ အမျက်ထွက်ခဲ့ရသည်။ သို့သော်လည်း စီးနင်းမှုက သွေးထွက်သံယိုမှု မဖြစ်ပွားဘဲ အဆုံးသတ်ခဲ့သည်။ စွမ်းအားမြှင့် အဖွဲ့သည် ၂၀၀၈ ဧပြီလ ရန်ကုန် ဗုံးကွဲမှုများနှင့် ပတ်သက်ပြီးလည်း စွပ်စွဲခံခဲ့ရသည်။ ဖမ်းဆီးခံထားရသူများသည် စက်မှုဇုန်များတွင် ဖောက်ခွဲရေး လုပ်ငန်းများ ဆက်လက် လုပ်ကိုင်ရန် အစီအစဉ် ရှိကြောင်း၊ လုံခြုံရေးဆောင်ရွက်နေသော လက်နက်ကိုင်တပ်ဖွဲ့ဝင်များကိုလည်း ပစ်မှတ်ထားကြောင်း မြန်မာ့အသံသတင်းတွင် ဖော်ပြထားသည်။

ဗုဒ္ဓဟူးနေ့ထုတ် အစိုးရအာဘော် သတင်းစာများတွင်လည်း ဆောင်းပါးတပုဒ် ပါဝင်ရာ တခြားသော တိုက်ခိုက်မှုများအတွက် ကရင်သူပုန်တို့ကို အပြစ်တင်ထားသည်။ အင်္ဂါနေ့က ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှု ၂ ခု၏ နောက်ကွယ်တွင် ကရင်အမျိုးသားအစည်းအရုံး KNU ရှိသည်ဟု စွပ်စွဲထားသည်။ ထိခိုက်ဒဏ်ရာရ သေဆုံးမှုသတင်း မရသေးပေ။

Category:

About Nhamngahanh: My name is Dinh Quang Huy . Known as Nhamngahanh .I'm administrator of SimplexDesign blog .This blog was opened for test .