ဘလော့ဂ် ၊ ၀ဘ်ဆိုဒ် ပြုလုပ် ပေးခြင်း နှင့် Domain ပြောင်းလဲ ခြင်း ကို BAN မှ အခမဲ့ ပြုလုပ် ပေးနေ

Anonymous | 11:31 PM |

ဟံသာဝတီ | ကိုယ်ပိုင် ဘလော့ဂ် ၊ ၀ဘ်ဆိုဒ် ပြုလုပ် ပေးခြင်း နှင့် Domain ပြောင်းလဲ ခြင်းကို ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့ အခြေစိုက် ဗမာ့ရေးရာအဖွဲ့ ( BAN ) မှ အခမဲ့ ပြုလုပ် ပေးနေကြောင်း ဟံသာဝတီ မှ သတင်း ရရှိသည်။ ဗမာ့ရေးရာအဖွဲ့ ( BAN ) ကို ၂၀၀၈ ခုနှစ် ၊ ဖေဖေါ်ဝါရီလ ( ၁၀ ) ရက်နေ့တွင် စတင် ဖွဲ့စည်း ခဲ့ပြီး လက်ရှိ မြန်မာ လူမျိုး ကွန်ပျူတာ ပညာရှင် နှင့် နိုင်ငံခြားသား ကွန်ပျုတာ ပညာရှင် ၅၀ ကျော်ဖြင့် ပြည်တွင်း ၊ ပြည်ပ မှ ကိုယ်ပိုင် ဘလော့ဂ် ၊ ၀ဘ်ဆိုဒ် ပြုလုပ် လိုသူများ နှင့် Domain ပြောင်းလဲ လိုသူ များကို ဖိတ်ခေါ်ကာ အခမဲ့ ၀န်ဆောင် ပေးနေခြင်း ဖြစ်သည်။

“ကျမတို့ ကိုယ်ပိုင် ဘလော့ဂ် ၊ ၀ပ်ဆိုဒ် ပြုလုပ် ပေးထား တဲ့ လူတွေထဲမှာ သံဃာတော်တွေ၊ ကျောင်းသားတွေ၊ ပြည်ပကိုရောက်နေတဲ့ အလုပ်သမားတွေများတယ်။ ပြည်တွင်းကတော့ လူ (၅၀) ကျော် လောက်ဘဲ ရှိသေးတယ် ” ဟု ယခင် မန္တလေး ကွန်ပျူတာ တက္ကသိုလ်တွင် နည်းပြ တာဝန်ထမ်းဆောင်ခဲ့ ပြီး ယခု BAN တွင် နည်းပညာ တာဝန်ခံ အဖြစ် တာဝန် ထမ်းဆောင်နေသူ ဆရာမ မမိုးသွေးက ဟံသာဝတီကို ပြောသည်။

ကိုယ်ပိုင် ဘလော့ဂ် နှင့် ၀ဘ်ဆိုဒ် ပြုလုပ် လိုသူများအနေဖြင့် ဗမာ့ရေးရာအဖွဲ့၏ ၀ပ်ဆိုဒ် http://www.ban.org.uk.tt/ သို့ ၀င်ရောက်ကာ လိုအပ်သော အချက် အလက်များ ဖြည့်စွက်ပြီး ပေးပို့ပါက ၂ ရက်အတွင်း ပြုလုပ်ပေးမည်ဟု BAN ၀ဘ်ဆိုဒ် တွင် ဖော်ပြ ထားသည်။

“အခုမှစပြီး ဘလော့ဂ်လောကထဲ ရောက်လာတဲ့ သူတွေအတွက် အတော့်ကို အဆင်ပြေစေပါတယ်။ သူတို့က အခမဲ့ လုပ်ပေးတယ်။ နည်းပညာလည်း တကယ်တတ်တဲ့ လူတွေဆိုတော့ ဒီဇိုင်းတွေ ပြောစရာ မလိုအောင် သေသပ်လှပပါတယ်။ ဘလော့ဂ်တည်ဆောက်ရင်း အချိန်မကုန်တော့ဘူးပေါ့။ သိပ်ကောင်းတဲ့ အစီအစဉ်ကို သူတို့ လုပ်နေတာကို သိရတော့ များစွာ ၀မ်းသာပီတိ ဖြစ်မိပါတယ်” ဟု ကိုယ်ပိုင်ဘလော့ဂ် ပြုလုပ်ထားသည့် အိန္ဒိယနိုင်ငံ နယူးဒေလီရှိ ရွှေဝါရောင်ကျောင်းတိုက်မှ အရှင်စေတိယ က ဟံသာဝတီ သို့ ပြောသည်။

ကျွန်တော်တို့လို ပြည်တွင်းကနေပြီး စစ်အစိုးရကို တိုက်ပွဲဝင်နေတဲ့ သူတွေကို BAN က နည်းပညာကော ၊ လုံခြုံမှုကော အစစအရာရာ တာဝန်ယူပြီး ၀ပ်ဆိုဒ်ပြုလုပ်ပေးတဲ့ အတွက် BAN ကို ကျေးဇူးလဲ တင်တယ် ၊ လေးလဲ လေးစားတယ် ဟု အထက်ဗမာပြည်ကျောင်းသားသမဂ္ဂ၏ အထွေထွေ အတွင်းရေးမှူး ကိုဝင်းသန်း မှ ဟံသာဝတီ သို့ ပြောပြပါသည်။
ဗမာ့ရေးရာအဖွဲ့ (BAN) သည် မြန်မာပြည်ရှိ ပြည်သူ/ ပြည်သားများ သတင်းလွတ်လပ်ခွင့် ရရှိရေး၊ သတင်းနှင့် နည်းပညာ တိုးတက်ရေး၊ မြန်မာပြည် စစ်မှန်သော ဒီမိုကရေစီရေးအတွက် မီဒီယာစွမ်းအားဖြင့် စစ်အစိုးရအား တိုက်ပွဲဝင်ရေးအတွက် ဦးတည်လုပ်ကိုင်နေသည်ဟု ဆရာမ မမိုးသွေးက ပြောပြ ပါသည်။

မြန်မာရေးရာ အဖွဲ့ (BAN) သည် လွန်ခဲ့သည့် ၂ နှစ်မှ စ၍ ယနေ့အထိ ဘလော့ဂ် ၊ ၀ဘ်ဆိုဒ်ပေါင်း ၃၀၀၀ ကျော် နှင့် ဒိုမိန်းပေါင်း ၇၀၀ ကျော်ကို ပြုလုပ် ပေးခဲ့သည်ဟု သိရသည်။


Origin : HTWD

Category:

About Nhamngahanh: My name is Dinh Quang Huy . Known as Nhamngahanh .I'm administrator of SimplexDesign blog .This blog was opened for test .