ရခိုင်ပြည်နယ်က တိုက်ပွဲခေါ်သံ

Anonymous | 6:56 PM |

မနေ့ ညက စစ်တွေ မှာ ကျောင်းသား သပိတ်ကြီးက ညကြီး သန်ခေါင်မှာ စတင် ဖြစ်ပွားသွားတယ်လို့ သိရတယ်။ စစ်တွေမြို့ ဝေသာလီကွင်း ဗျိုက်တော ဆရာတော် ဦးသုမင်္ဂလာ တရားပွဲ အပြီးမှာ တက်ရောက်လာတဲ့ လူထု ပရိသတ် က မခံမရပ်နိင်ဖြစ်ပြီး ဆန္ဒပြပွဲဖြစ်ပွား သွားရခြင်း ဖြစ်ပါတယ်။ ဆရာတော်က သန်းရွှေမိသားစု နဲ့ လက်တစုပ်စာ လူတစုက မြန်မာ တနိင်ငံလုံးက သံယံဇတတွေကို ဂုတ်သွေးစုတ် နေမှုတွေကို ထုတ်ဖေါ် ပြောဆို သွားတယ်။ ရခိုင် ပြည်နယ်က သဘာဝ ဓါတ်ငွေ တွေထွက်ပြီး ရခိုင်ပြည်နဲ့ တပြည်လုံးမှာ မီးမရှိ၊ ရေမရှိ၊ လောင်စာမရှိတဲ့ အခြေအနေတွေကို ဟောကြား သွားတယ်လို့ ဆိုပါတယ်။

ကျောင်းသား လူငယ်တွေ အနေနဲ့ ၈၈ တုန်းက ကျောင်းသားတွေ ကို အတုယူကြဖို့  ဟောကြား သွားတယ်။ တရားပွဲ အပြီးမှာ ကျောင်းသား ၁၀ ဦးနှင့်သံဃာ ၂ ဦးက စတင်လှုံ့ ဆော်လိုက်ရာက ဆန္ဒပြပွဲ ဖြစ်ပွားခဲ့ပါတယ်။ ကျောင်းသား ရွှေစေတီဘုရား အထိ ချီတက်တယ်။ ရဟန်းပျိုသမဂ္ဂ နဲ့ ကျောင်းသား သမဂ္ဂက ဦးဆောင်တယ်။ တဖြေးတဖြေးနဲ့ လမ်းဘေးက ကြည့်နေတဲ့ သူတွေကပါ ပူးပေါင်းလာတဲ့ အတွက် အင်အား သုံးထောင်ခန့် ဖြစ်သွားတယ်လို့ သိရတယ်။

ဆန္ဒပြ နေစဉ်မှာ ကျောင်းသားများက
လျှပ်စစ်မီး - ရရှိရေး ဒို့ အရေး၊
နအဖ စစ်အစိုးရ အလိုမရှိ၊
၂၀၁၀ အလိုမရှိ လို့ ကြွေူးကြော် ဆန္ဒပြကြတယ်။


နအဖ ၊ ကြံဖွတ်နှင့် ရဲ များက ဆန္ဒပြသမားများကို နှိမ်နင်းရန် ရောက်လာကြတယ်။ ဦးဝိစာရ ပန်းခြံနဲ့  မီးစက် ဂွ ဆုံတွေမှာ နေရာ ယူပြီး လူစု ခွဲခိုင်းတယ်။ ဆန္ဒပြ သမားများက သွေးထွက် သံယိုမှု မရှိခင်မှာ အောင်မြင်စွာ ဆုတ်ခွာ ပေးလိုက်တယ်လို့ သိရတယ်။ မနက်ဖန် က ပြန်စမယ်၊ မကြာခင် ပြန်ဆုံကြမယ်။ မကြောက်ကြနဲ့ ရခိုင်သွေး နီတယ်ဟေ့ စသဖြင့် တဦးနဲ့ တဦး အချိန် အချက် ပေးသွားကြတယ်လို့ ဆိုပါတယ်။ ရခိုင် ပြည်နယ် လူထု ဆန္ဒပြပွဲနဲ့ ပတ်သက်လို့ မြန်မာ နိုင်ငံလုံး ဆိုင်ရာ ရဟန်းပျို သမဂ္ဂ ဥက္ကဌ - ဆရာတော် အရှင် ခေမာစာရ က '' ဒီ ဆန္ဒပြပွဲကြီးဟာ ၂၀၁၀ အတွက် ပထမဆုံး လှုပ်ရှားမှုကြီးဖြစ်ခဲ့ပြီ၊ ဒီလိုလှုပ်ရှားမှုတွေဆက်တိုက်ဖြစ်လာလိမ့်မယ်။ ဘာဖြစ် လို့လည်း ဆိုတော့ စစ်အစိုးရ လက်အောက်မှာ မြန်မာ တပြည်လုံးဟာ ဒုက္ခ အတိကို ရောက်နေ ကြရပြီ။ ပြည်သူတွေ ဒုက္ခတွေ ပင်လယ်ဝေ နေရတာ၊ ပြည်သူတွေ ကပ်တဲ့ ဆွမ်းပူ ကွမ်းပူ ကို ဒို့ ရဟန်းတွေ ဘယ်မှာ မျိုလို့ ကြမလဲ ။ သံဃာတွေက တိုက်ပွဲဝင်ဖို့  ပိုင်းဖြတ်ထား ပြီးပါပြီ '' လို့ အမိန့် ရှိပါတယ်။ ဆရာတော်ဟာ ၁၉၈၈ ခုနစ် ဒီမိုကရေစီ လှုပ်ရှားမှုကြီးမှာ တက်ကြွစွာ ခေါင်းဆောင်ခဲ့တဲ့ သံဃာ တပါး ဖြစ်ပြီး ၈၈ တုံးက ထင်ရှားခဲ့တဲ့ အထွေထွေ သပိတ် ကော်မတီမှာ နယက ဆရာတော် တပါး ဖြစ်ခဲ့ပါတယ်။ မနပုလော တော်လှန်ရေး နယ်မြေမှာ ကရင်များ၊ ကျောင်းသားများနှင့် အတူ တလျှောက်လုံး လက်တွဲ တိုက်ပွဲဝင်ခဲ့တဲ့ ဆရာတော် တပါး ဖြစ်ပါတယ်။

Category:

About Nhamngahanh: My name is Dinh Quang Huy . Known as Nhamngahanh .I'm administrator of SimplexDesign blog .This blog was opened for test .