တွေးမိသမျှ ရေးလိုက်သည်။

Anonymous | 11:28 AM |

ကျနော်တို့ မျိုးဆက်သစ်တွေ ယ္ခု ၂၀၁၀ ကို ဖြတ်သန်း ရတော့မယ်။ ဆိုလိုချင်တာကတော့ ဗမာ လူငယ်တွေ မျိုးဆက်သစ်တွေ ဗမာ့ နိုင်ငံရေး အကျပ်အတည်း၊ ကမ္ဘာစီးပွားရေး အကျပ်အတည်းတွေ ကြားမှာ မြန်မာ့ အရေးကို ငါတို့ ဘယ်လို ဝိုင်းဝန်း ဆောင်ရွက်ကြမလည်းဆိုတဲ့ အကျိုးပြုစိတ်တွေနှင့် ပူးပေါင်း ဆောင်ရွက် မှုတွေ ဘယ်လို ဘယ်ပုံ ဖြစ်ပေါ်မည်။ မျိုးဆက်သစ်တွေ အနေနှင့် ဘာလုပ်ရမလည်း ဆိုတာ တစ်ကယ် သိကြပြီး တစ်ကယ် လုပ်ကြ မှာလား တွေးမိလို့ ဒီစာကို ရေးပါသည်။

ကျနော် ဖတ်မိတာလေး တစ်ခုပါ ဘယ် စာအုပ်ထဲက လည်းတော့ အတိအကျ မမှတ်မိတော့ပါဘူး စာရေးဆရာမ ဂျူး ဆိုတာပဲ အမှတ်ရတယ် စာသားက ရိုးရိုးလေးပါ “မျိုးဆက်တိုင်းဟာ ပစ္စုပ္ပန်ထက် ပိုကောင်းတဲ့ အနာဂတ် ကိုဖန်တီးဖို့ တာဝန်ရှိတယ်” ဒါပါပဲ ရိုးရိုးလေးပါ ကျနော်တို့မှာ တာဝန်ရှိတယ်။ ဒါကြောင့်လည်း ကျနော်တိုရဲ့ ရှေ့က အာဇာနည် အကိုတွေ အမတွေ ရှေ့ကနေ လမ်းပြ လုပ်ဆောင်သွား ကြတာပါ။ သူတို့ ကိုအတုယူ သင့်တယ် ခံယူချက် တစ်ခု အတွက် ဘဝ တစ်ခုလုံးကို ပေးဆပ် ရဲကြတယ် ကျနော် လေးစားတယ်။ ရှင်းရှင်းပြောရရင် ပြည်ပြေးဆိုတဲ့ လူတွေထက် ကျနော် ကိုမင်းကိုနိုင် တို့ ကို ပိုလေးစားတယ်။

နိုင်ငံခြားမှာ NGO အထောက်အပံတွေ ယူပြီး မိမိဘဝ ကောင်းစားရေးကိုပဲ လုပ်နေတဲ့ လူတွေထက် စာရင် ရည်ရွယ်ချက်၊ ရည်မှန်းချက်၊ ခံယူချက် မပျက်စီးပဲ စစ်အုပ်စုရဲ့ အဖိအနှိပ် ခံပြီး ထောင်ထဲမှာ ရဲရဲတောက် နေနိုင်တာ ပိုလေးစားစရာကောင်းပါသည်။ ဗမာလူငယ်တွေ မိမိကိုယ်ကို မျိုးဆက်သစ်လို့ ခံယူထားတဲ့ လူငယ်တွေ မိမိကိုယ်တိုင်ပြန်လည်ဆန်းစစ် ကြည့်ကြပါဦး။ အဖိုးတန်တဲ့ အချိန်တွေ ကို ကောင်မလေးတွေ နှင့် Chatting ထိုင်ပြီး ဖြုန်းတီး နေကြတာ တွေ့နေရတော့ စိတ်ပျက် မိတယ်။ မိမိကိုယ်တိုင် မတရားမှု၊ ဖိနှိပ်မှု၊ ညှင်းပန်း နှိပ်စက်မှု များကို ဘယ်လောက် (အတိုင်းအတာ တစ်ခု) အထိ ဆန့်ကျင် ခဲ့ကြဘူးပြီလည်း၊ ဆန့်ကျင်ခဲ့ ပြီးပြီးလည်း ဆိုတာ မိမိ ကိုယ်တိုင်ပဲ သိပါလိမ့်မည်။ အနည်းဆုံး ကဗျာ တစ်ပုဒ်၊ စာတစ်ကြောင်း နှင့်မျှ တော်လှန် ခဲ့ကြရဲ့လား။

အားလုံး အပြစ်မမြင်ပါဘူး ဆိုရမည် ကျနော်တို့ ယ္ခု လူငယ်တွေ မျိုးဆက်သစ်တွေ မွေးဖွားကြီး ပြင်း လာ ခဲ့ကြတာ မ.ဆ.လ ခေတ်ဆိုးကြီး အောက်မှာ နောက်တော့ ပိုဆိုးတဲ့ န.ဝ.တ. ၊န.အ.ဖ ပေါ့ အကြောက် တရား တွေ အောက်မှာ ကြီးပြင်းခဲ့ကြရတယ် ပိုဆိုး တာကတော့ ဗမာပြည် လူနေမှု စနစ်ဆိုး အောက်မှာ ကြီးပြင်း ရတာ ပါပဲ။ ဘာကြောင့်ဗမာပြည် လူနေမှု စနစ်ဆိုးလို့ ကျနော် ပြောရလည်း ဒီနေရာမှာတော့ ကျနော့် အမြင် တစ်ခုပဲ တင်ပြချင်တယ် ဗမာပြည် မိသားစု တစ်ခုမှာ တင်ပြခွင်၊့ ဆွေးနွေးခွင့် ဆိုတာတွေ မရှိ သလောက်ကို အင်မတန် နည်းပါးတယ် တင်ပြ ဆွေးနွေးခွင့် မရှိဘူးဆို မှတော့ ကိစ္စတစ်ခုမှာ ဘယ်လို သွားညိုနှိုင်းလို့  ရပါ့မလည်း စဉ်းစားကြည့်ပါ။ လူကြီးတွေက အမြဲ နေရာယူပြီး လူငယ်ကို တွန်းတင် ပေးချင်တဲ့ စိတ်၊ နေရာပေးချင်တဲ့ စိတ် အဲ့လိုမျိုး စိတ်ဓါတ် ဗမာလူကြီးတွေမှာ အတော်လေးကို ခေါင်းပါတာ တွေ့ ရတယ်။

ကျနော်တို့ ငယ်ငယ်က ကျောင်းမှာ သင်ပေးတာ ကျက်ပြီး မှတ်ပြီး စာမေးပွဲ ဖြေခဲ့ရတာပါ။ ဆရာ ဆရာမ နဲ့ စာပေ၊ ဗဟုသုတ ဆွေးနွေး ခဲ့တာ မရှိပါဘူး အမှား သင်ပေးလည်း အမှားကြီးကို ခေါင်းထဲ ထည့်ခဲ့ရတဲ့ ဘဝမျိုးတွေနဲ့ ဖြတ်သန်း ခဲ့ရပါတယ်။ ဒါပေမဲ့ ကျနော်တို့ လူသားပါ အမှားမှန်း သိလာရင် ပြင်ရမည်မှာ မိမိ တာဝန် ဆိုတာကို ကျနော် ဆိုလို ချင်သည်။ လူသားတွေ အမှားပေါင်း များစွာ ပြင်ခဲ့ ကြလို့ ယ္ခုလို ကျနော်တို့ ကမ္ဘာကြီး တိုးတက်ပြီး ဟိုးယ္ခင် ကထက် ပိုကောင်းတဲ့ လူ့ အသိုင်းအဝိုင်းတွေ ဖြစ်လာခဲ့တာပါ။

အာဏာရှင် ဆိုတာကတော့ အကြောက် တရားတွေ များအောင် ဖိနှပ်မှု၊ ရက်စက်မှု တွေနဲ့ အုပ်ချုပ်မှာ သူ့ အလုပ်ပါ။ ကျနော်တို့ ကတော့ မိမိတို့ ဘဝ ပြည်သူ့ ဘဝ လူထုတစ်ရပ်လုံး တိုးတက်ကောင်းမွန် အောင် တွန်းလှန် တော်လှန်ရမှာပါ။စကားမစပ် တည့်တည့်ပဲပြောရမည် တွေ့ ဆုံ ဆွေးနွေးရေး၊ စေ့စပ်ရေးတွေနှင့် အသံ ကျယ်ကြီး ဟစ်ခဲ့ တာတော့ အနှစ် ၂၀ ကျော်ခဲ့ပြီ(အားလုံးအသိ)။ဘီလူးကို ထိုင်ရှစ်ခိုးလို့ အသက် ချမ်းသာ ပေးပါ့ မလား၊သူ့လည်မျို နင်းနိုင်မှ ကိုယ့် အသက်ရှည်မှာ ရိုးရိုးလေးပဲ တွေးကြပါ။

လူငယ်တိုင်း မျိုးဆက်သစ်တိုင်းမှာ တိုင်းပြည်အတွက်တာဝန်ရှိပါတယ်လို့ စိတ်ထဲမှာ ရင်ထဲမှာ ခံစားချက် လေးတွေ ထားစေချင် ပါသည်။ ကျနော့် စိတ်ခံစားချက်တိုင်း လူငယ်တိုင်းမှာ ရှိမည်လို့ ထင်တယ် ဘာကြောင့်လည်း ဆိုတော့ အကြောင်းအရာ ကိစ္စ တစ်ခုကို အတင်းအကျပ် ခိုင်းစေခံရ မည်ဆိုရင် ကျနော် ဘယ်တော့မှ မလုပ်ဘူး၊ မတတ်နိုင်လို့ လုပ်ခဲ့လည်းပဲ ထိုအရာဟာ ပြီးမြောက် အောင်မြင်မှု မရရှိပဲ ပြီးစလွယ် ပြီးဆုံးသွားသည်။

မိမိ ရင်ထဲမှာ ခံယူချက် ခံစားချက်လေးနဲ့ လုပ်ဆောင် ရမည် ဆိုရင်တော့ အကောင်းဆုံး မဖြစ်တောင် ကောင်းမွန်စွာ ကိစ္စတစ်ခုကို ဆောင်ရွက်နိုင် ကြမည် ဆိုတာ ကတော့ လူငယ်တိုင်းရဲ့ ရင်ထဲမှာ ရှိကြတယ်။ ဒါကတော့ လူမှု ဘဝသစ် ဒီမိုကရေစီရဲ့  အခြေခံ အကြောင်းအရာ တစ်ခုပါ။ကျနော် ပြောခဲ့ သလို ဘယ်သူမှ မခိုင်းစေ အမိန့် မပေးပဲ မိမိတို့ ကိုယ်တိုင် တိုင်းပြည် ကြီးပွား တိုးတက်ပြီး ဒီမိုကရေစီ စနစ်ကို ကူးပြောင်းသွားဖို့ မိမိရင်ထဲ စိတ်ထဲက တာဝန် တစ်ခုလို ခံစား (ရင်ဘတ်ထဲမှာ ထည့်ထား)ပြီး လုပ်နိုင်တာ စလုပ် ကြည့်ကြပါ။ လူမှုဘဝ သစ်ကို စကြဖို့ ငါတို့ အလုပ်လုပ် ကြမည်။ ဒါ့ကြောင့် လူငယ်တွေ မျိုးဆက်သစ်တွေ အနေနဲ့ ယ္ခု ၂၀၁၀ မှာ ငါတို့ ဘယ်လို အကောင်းဆုံး လုပ်မည် ဆိုတာ ခိုင်ခိုင်မာမာ တည်ဆောက်ပြီး ရည်ရွယ်ချက်ကို အကောင်းဆုံး အကောင်အထည် ဖော်ကြပါလို့ တိုက်တွန်း နှိုးဆော်ရင်းနဲ့ နိဂုံးချုပ် ပါရစေ။

အရေးတော်ပုံ..အောင်ပါစေ
အာဏာရှင်စနစ်..ကျဆုံးပါစေ
မင်းမော်စိုး

Category:

About Nhamngahanh: My name is Dinh Quang Huy . Known as Nhamngahanh .I'm administrator of SimplexDesign blog .This blog was opened for test .