ညီညီအောင် (သို့ မဟုတ်) တစောက်ကန်းရူးသွပ်သူ (ကဗျာ)

Anonymous | 12:47 PM |

လမဲ့  ရက်ပေါင်းများစွာ
နေမဲ့ နေ့ ပေါင်းများစွာ
အမှောင်ဒေါင့်ကမ္ဘာထဲ
မျှော်လင့်ခြင်းများ စားသုံးရှင်သန်နေတဲ့
ကျနော်တို့  သူငယ်ချင်းရှိနေတယ်၊

သူဟာ
ပြစ်တင်စကားတွေ အလေးမတား
တစောက်ကန်း စွန့် လွတ်
နိုင်ငံအတွက် ရူးသွပ်သူဖြစ်တယ်၊

သူဟာ
နေ့ ည မအိပ်
စာ တကုပ်ကုပ်ရေး
စကား အခြေအတင် ဆွေးနွေး
ခေါင်းဆောင်ဆိုသူတွေကို
အားမလို အားမရဖြစ်
မြန်မာပြည် လွတ်မြောက်ရေးအတွ့က်
မိသားစုကို စတေးခံဝန့် သူဖြစ်တယ်၊


ကျနော်တို့  သူငယ်ချင်း ညီညီအောင်
ကျနော်တို့  သံယောဇဉ်ရှိသည့် ညီညီအောင်
ကျနော်တို့ နှင့် တိုက်ပွဲများစွာ လက်တွဲခဲ့သည့် ညီညီအောင်

သူဟာ
လူငယ်ဘ၀ကို စွန့် ခဲ့သူဖြစ်တယ်

သူဟာ
ဆိုးသွမ်းခဲ့တဲ့ လူငယ်တဦးဖြစ်တယ်

သူဟာ
ဘီယာနှင့် ဆေးလိပ်ကို
ခုံမင်စွာ နှစ်ခြိုက်ခဲ့သူဖြစ်တယ်

သူဟာ
ကောင်မလေးများ အချစ်ရဖို့ 
အတူတူ ၀ိုင်းပိုးခဲ့သူလည်းဖြစ်တယ်


သူဟာ
(အမေရိကားတွင်) ကားမောင်းကြမ်းမှုဖြင့်
ဒဏ်ငွေ အကြိမ်ကြိမ်ဆောင်ရသူဖြစ်တယ်

သူဟာ
သူငယ်ချင်းများကို ခင်တွယ်သူဖြစ်တယ်

သူဟာ
အကူအညီတောင်းလာသူများအတွက်
မငြင်းပယ်တတ်သည့် လူငယ်တဦးဖြစ်တယ်

သူဟာ
ဘ၀တူ ညီအကိုများအပေါ်
သစ္စာမဖောက်သည့် လူငယ်တဦးဖြစ်တယ်

သူဟာ
တရားမျှတခြင်း။ လူ့ အခွင့်အရေးများအတွက်
မြန်မာပြည်။ ယိုးဒယားပြည်တို့ တွင်
အကျဉ်းချခံခဲ့ရသူဖြစ်တယ်

သူဟာ
(၁၉၈၈)မှ သည်ကနေ့ အထိ
အာဏာရှင်ကို တော်လှန်နေဆဲဖြစ်တယ်

သူဟာ
တောင်းဆိုမှု မရ မချင်း
ကမ္ဘာကြီးကို မျက်စောင်းခဲ
အာဏာရှင်နဲ့  ရန်ဖြစ်နေဦးမယ့်သူဖြစ်တယ်၊
ဖိုးဇီဝ (ဖေဖေါ်ဝါရီ။ ၂၀၁၀ ခုနှစ်၊)
ကိုညီညီအောင်အကြောင်းကို တကယ်မသိပဲ ရေးသားနေသည့် သတင်းသမားများ။ အခြေအမြစ်မရှိ ပြောဆိုနေသည့် ခေါင်းဆောင်အမည်ခံသူများ။ (၈၈)အမည်ကို အသုံးပြု၍ အင်တာနက်စာမျက်နှာများတွင် အာဏာရှင် အလိုကျရေးသားနေသူများသို့  မိမိတို့ ရေးသားသည့် မဟုတ်တမ်းတရား စွပ်စွဲမှုများကြောင့် အများပြည်သူများေ၀၀ါး။ စိတ်ပျက်မှုများ ဖြစ်အောင် ဖန်းတီးရေးသားမှုများ မပြုကြပါနှင့်၊ မကောင်းမှုသည် စိတ်ကွယ်ရာ မရှိပါ၊ အမှန်တရားသည် တနေ့ ပေါ်ပေါက်စမြဲဖြစ်ပါသည်၊

Category:

About Nhamngahanh: My name is Dinh Quang Huy . Known as Nhamngahanh .I'm administrator of SimplexDesign blog .This blog was opened for test .