အန်တီစုက မစ္စတာ ကင်တားနား၏ မြန်မာနိုင်ငံ ခရီးစဉ် ထုတ်ပြန်ချက်ကို သဘောတူဟုပြော

Anonymous | 1:50 AM |

ဒေါ်အောင်ဆန်းစုကြည်နှင့် ယနေ့ နှစ်နာရီကြာ တွေ့ဆုံခဲ့သူ သူမ၏ရှေ့နေနှင့် NLD ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ဒေါ်အောင်ဆန်းစုကြည်အနေနှင့် ပြီးခဲ့သော သောကြာနေ့က မြန်မာနိုင်ငံသို့ ၅ရက် ခရီးစဉ် အပြီးတွင် မစ္စတာ ကင်တာနား၏ ထုတ်ပြန်ခဲ့ သော ထုတ်ပြန်ချက်ကို အပြည့်အဝ သဘောတူသည်ဟု ပြောပြခဲ့ ပါသည်။

ထိုထုတ်ပြန်ချက်တွင် မစ္စတာ ကင်တားနားက နိုင်ငံရေးယုံကြည်ချက်တွေကြောင့် အကျဉ်းကျ ခံနေရတဲ့ နိုင်ငံရေး အကျဉ်းသား ၂၂၀၀ တို့ ပါဝင်ပါတ်သက်ခွင့်မရှိပဲ၊ နိုင်ငံရေး ပါတီတွေအနေနဲ့ ပါတီရဲ့ စည်းရုံးလှုပ်ရှားခွင့်တွေ ပြုလုပ်ခွင့် ပေးခြင်းမရှိပဲ ကျင်းပမယ်ဆိုရင် စစ်အုပ်ချုပ်သူတွေ ကျင်းပမယ့် အဲဒီရွေးကောက်ပွဲဟာ ဘယ်လိုမှ တရားမျှတမှု ရှိမှာ မဟုတ်ဘူးလို့ ထုတ်ပြန်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ကိုယ်တိုင်တွေ့ဆုံခဲ့သူ ဦးဥာဏ်ဝင်းက “ကျွန်တော်တို့ရဲ့ ပါတီ ခေါင်းဆောင်က မြန်မာ နိုင်ငံမှာ ၅ရက်ခရီးစဉ်ပြီးဆုံးတဲ့ သောကြာနေ့က မစ္စတာ ကင်တားနားရဲ့ စစ်အုပ်ချုပ်သူတွေကို ဝေဖန်ပြောဆို ခဲ့တာဟာ မှန်ကန်ပြီး ဆီလျှော်မှု ရှိတယ်လို့ ပြောခဲ့ပါတယ်” ဟု ပြန်လည် ပြောပြခဲ့ကြောင်း သိရပါသည်။

ဥိးဥာဏ်ဝင်းကပဲ ဆက်လက်ပြီး ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဖေဖေါ်ဝါရီလါ ၁၃ ရက်နေ့က လွတ်မြောက် လာတဲ့ NLD ဒုဥက္ကဌ ဦးတင်ဦးဟာ သူရဲ့ တာဝန် ဝတ္တရား တွေကို နောက်ရက်မှာပဲ စတင်ထမ်းဆောင်ခဲ့တာနဲ့ ၊ NLD ရဲ့ အီးစီ ၁၁ ဦးကနေ ၂၀ဦး အထိ တိုးချဲ့မယ့် အစီအစဉ်ကိုလဲ အပေါ် ကျေနပ်အားရမိတယ်လို့ သူ့ကို ပြောပြ ခဲ့တယ် လို့ ဆိုပါတယ်။
ဦးဥာဏ်ဝင်းကပဲ NLD ပါတီဟာ အလုပ်အမှုဆောင် ၁၀၀နဲ့ ဗဟိုကော်မတီ ၂၀ ရှိမယ့် အလုပ်အမှုဆောင် ကော်မတီ တိုးချဲ့ဖွဲစည်းရေးအတွက် ဆောင်ရွက်နေတယ်လို့ ပြောပါ တယ်။

Category:

About Nhamngahanh: My name is Dinh Quang Huy . Known as Nhamngahanh .I'm administrator of SimplexDesign blog .This blog was opened for test .