သက်ကြီး ပူဇော်ပွဲ

Anonymous | 12:08 PM |

သက်ကြီး ပူဇော်ပွဲကို ဖိတ်စာပါ အတိုင်း မနက် ၈ နာရီမှ နေ့လည် ၁၂ နာရီထိ အောင်အောင်မြင်မြင် ကျင်းပခဲ့ပါတယ် တက်ရောက်လာကြတဲ့ ဘဘတွေ ကတော့ စာရေးဆရာကြီး နန်းညွန့်ဆွေ (ကိုဇာဂနာအဖေ)၊ ဦးဝင်းတင်၊ ဦးအုန်းမောင်၊ ဦးအုန်းကြိုင်တို့ တက်ရောက်ကြပြီး ဦးတင်ဦး ကတော့ အကြောင်းကြောင်းကြောင့် မလာဖြစ်ခဲ့ဘူး ။ မလာဖြစ်တဲ့ ဘဘ တို့ကို အိမ်အရောက် ကန်တော့ခံ ပစ္စည်းတွေ လိုက်ပို့ပါတယ် ။ ဦးတင်ဦးက သူ အကြောင်း ကြောင်းကြောင့် မလာဖြစ်တဲ့ အတွက် စိတ်မကောင်း ကြောင်း ပြောဆိုပါတယ်။ အခမ်းအနားများကို အစီအစဉ်တကျ ကျင်းပ ပါတယ်ဘဘ တို့အား ကန်တော့ခြင်း ကဗျာရွတ်ခြင်း ပေးပို့လာတဲ့ သ၀ဏ်လွှာများ ဖတ်ကြားခြင်းများ ပြုလုပ်ပါတယ် ပြီးနောက် ဘဘ တို့မှ သြ၀ါဒ စကားပြောပါတယ် ။ဘဘ တို့အား ကျေးဇူးတင် စကားပြောပြီးတော့ အခမ်းအနား ရုတ်သိမ်း၍ အကျွေးအမွေးနဲ့ ဧည့်ခံ ပါတယ်။ တက်ရောက် လာကြသူတွေ ကတော့ NLD MDC အင်္ဂါ မိသားစု ကျောင်းသားလူငယ် များ နှင့် အခြား ဧည့်ပရိတ်သတ်များ ဖြစ်ကြပါတယ်။ ထို့နောက် ကိုဘိုကြည် အိမ်သို့သွားရောက် ကြပါတယ်။ ကိုဘိုကြည် အမေ နှစ်ပတ်လည်ပွဲ ကိုလည်း ကျင်းပခဲ့ကြပါတယ်

သက်ကြီးပူဇော်ပွဲ နှင့် ကိုဘိုကြည် အမေ နှစ်ပတ်လည်ပွဲ ဓါတ်ပုံများ

Category:

About Nhamngahanh: My name is Dinh Quang Huy . Known as Nhamngahanh .I'm administrator of SimplexDesign blog .This blog was opened for test .