ရွေးကောက်ပွဲ ဥပဒေ ကြေညာပြီ

Anonymous | 12:16 AM |

ဟိန်းခိုင်ထွန်း | ယနေ့ ညနေ လေးနာရီ အချိန် တွင် ၂၀၁၀ ခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲ ဥပဒေကို ကြေညာ လိုက်ပြီ ဖြစ်သည်။ထိုရွေးကောက်ပွဲ ဥပဒေ အသေးစိတ် ကို မနက်ဖြန် တွင်ထွက်ရှိမည့် သတင်းစာ တွင် ဖော်ပြပေးသွားမည် ဟု ဆိုသည်။ ရွေးကောက်ပွဲ အတွက် ဥပဒေ အသေးစိတ် ရွေးကောက်ပွဲ ကော်မရှင် ဥပဒေ၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း၊ ပြည်သူ့ လွှတ်တော် ရွေးကောက်ပွဲ၊ အမျိုးသား လွှတ်တော် ရွေးကောက်ပွဲ၊ တိုင်းဒေသကြီး လွှတ်တော် များမှာ အင်္ဂါနေ့ ထုတ်ဝေသည့် သတင်းစာများတွင် ပါရှိမည် ဖြစ်သည်။

မည်သည့်နေ့ရက်တွင် ရွေးကောက်ပွဲ ကျင်းပမည် ကို ထည့်သွင်း ပြောကြား သွားခြင်း မရှိချေ။

ယခုနှစ် ထဲတွင် ရွေးကောက်ပွဲ ကျင်းပမည် ဆိုပါက နိုင်ငံရေး ပါတီများ၏ စည်းရုံး လှုံဆော်ခွင့်သည် အချိန် ခုနှစ် လ ခန့်သာ ရရှိ တော့မည်ဖြစ်သည်။

ရွေးကောက်ပွဲ ၀င်ရောက်ရန် ပြင်ဆင် နေသူ တစ်ဦးက ၂၀၁၀ ရွေးကောက်ပွဲ ဥပဒေသည် နှစ်ရှည်လများ စောင့်ကြည့် ခဲ့ရ၍ မနက်ဖြန် ဘာပါလာမလဲ ဆိုတာ စောင့်ကြည့်ရုံပဲ ရှိတော့ သည်ဟု ဆိုသည်။

source by : FREEDOM NEWS GROUP

Category:

About Nhamngahanh: My name is Dinh Quang Huy . Known as Nhamngahanh .I'm administrator of SimplexDesign blog .This blog was opened for test .