မြန်မာနိုင်ငံသို့ ဗီယက်နမ် လေကြောင်းလိုင်း စတင်ပျံသန်း

Anonymous | 1:36 AM |

မြန်မာနှင့်နိုင်ငံနှင့် ဆက်သွယ်ကူးသန်းမှု ပြုလုပ်နေသော အရှေ့တောင်အာရှရှိ လေကြောင်းလိုင်းများတွင် ဗီယက်နမ် လေကြောင်းလိုင်းပါ ဝင်လာခဲ့ပြီဟု သိရှိရပါသည်။

ဗီယက်နမ် လေကြောင်းလိုင်းပိုင် ဖေါ်ကာ ၇၀ လေယာဉ် တစီးသည် ယနေ့ညနေပိုင်းတွင် ရန်ကုန် လေဆိပ် သို့ ဗီယက်နမ် နိုင်ငံမှ တိုက်ရိုက် ပျံသန်း ဆင်းသက်လာမည် ဖြစ်ပြီး ဟနွိုင်း -ရန်ကုန်- ဟနွိုင်း တိုက်ရိုက် လေကြောင်း ခရိးစဉ်များကို အင်္ဂါ၊ ကြာသပတေး၊ စနေနေ့များတွင် တပါတ်လေးကြိမ်ပြေးဆွဲရန် ဗီယက်နမ် လေကြောင်းလိုင်းနှင့် မြန်မာတို့ သဘောတူညိမှု ရရှိခဲ့ပြီဟု ရန်ကုန်မြို့ရှိ Chatrium ဟိုတယ်တွင် ပြုလုပ် သော သတင်းစာရှင်းလင်းပွဲ တခုတွင် ပြောကြားခဲ့သည်ဟု သိရပါသည်။

ထိုသတင်းစာရှင်လင်းပွဲသို့ ဗီယက်နိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး Mr. Chu Chong Phung နှင့် ဗီယက်နမ် လေကြောင်းလိုင်း၏ မြန်မာနိုင်ငံ ဆိုင်ရာ အထွေထွေ မန်နေဂျာ Mr. Cao Xuan Phu တို့ တက်ရောက် ခဲ့ကြပါသည်။ သူတို့၏ရှင်းလင်း ပြောပြချက်များအရ ဗီယက်နမ် ပြည်တွင်းလေကြောင်းလိုင်းကို ၁၉၅၆ ခုနှစ် နှစ်ဦးပိုင်း ကတည်းက စတင်ပြေးဆွဲခဲ့သည်ဟု သိရပါသည်။

ယခုအခါတွင် ဗီယက်နမ် လေကြောင်းလိုင်းသည် အာရှ၊ ဥရောပနှင့် သြစတေးသျှ နိုင်ငံတို့ အပါအဝင် နိုင်ငံ ၂၆ခုသို့ ခရီးစဉ်များပြေးဆွဲနေသည်ဟု Cao Xuan Phu ကရှင်းလင်းပြောပြခဲ့ပါသည်။ ၄င်းကပင် ကမ္ဘော ဒီး ယား-လာအို-ဗီယက်နမ်နှင့် မြန်မာတို့ ဒေသတွင်း လေကြောင်း ခရီးစဉ်များ ပြေးဆွဲရေးအတွက် ၂၀၀၃ခုနှစ် ဒီဇင်ဘာလက သဘောတူ လက်မှတ်ရေးထိုးခဲ့ကြပြီး ၂၀၀၇ခုနှစ်တွင် စတင် အသက်ဝင်လာခဲ့သည် ဟု ဆိုပါသည်။ ဟနွိုင်း-ရန်ကုန်-ဟနွိုင်း လေကြောင်းခရီးစဉ်သည် မြန်မာနှင့် ဗီယက်နမ် နှစ်နိုင်ငံကြား စီးပွါးရေး ကုန်သွယ်မှု၊ ကုန်စည်စီးဆင်းမှုနှင့် ရင်းနှီးမြှပ်နှံမှုများ သာမက ယဉ်ကျေးမှု ကူးလူးဆက်ဆံမှုများပါ ပေါ်ပေါက် လာမည်ဟု သတင်းထောက်များကို ၄င်းက ပြောကြားခဲ့ပါသည်။

ထိုလေယဉ် ပျံသန်းမှုသည် ဗိယက်နမ်နိုင်ငံသားများကို သာမက တောင်ကိုရီးယား ၊ ဂျပန်၊ ထိုင်ဝမ်၊ တရုတ် နှင့် ဥရောပ ကမ္ဘာလှည့် ခရီးသည်များကို ဗီယက်နိုင်နိုင်ငံမှ တဆင့် မြန်မာနိုင်ငံသို့ သွားရောက် လည်ပါတ်ရန် ဆွဲဆောင်နိုင်လိမ့်မည်ဟု ဆက်လက် ပြောကြားခဲ့ပြီး လာမည့် ဆောင်းရာသီတွင် အဲဘတ်စ်အေ ၃၂၀ လေယဉ်ဖြင့် တပတ်လျှင် ၅ကြိမ် တိုးချဲ့ ပျံသန်းသွားရန် စီစဉ် ထားကြောင်းကိုလဲ ပြောပြခဲ့ပါသည်။ ဗီယက်နမ်-မြန်မာ သို့ မြန်မာ-ဗီယက်နမ် ခရီးစဉ် တကြောင်း အတွက် အမေရိကန်ဒေါ်လာ ၁၉၅ ဒေါ်လာ ကျသင့်မည်ဟု သိရပြီး၊ အသွားအပြန် အတွက်ဆိုလျှင် ဒေါ်လာ ၂၆၀ ကျသင့်ဟု သိရပါသည်။

မြန်မာနိုင်ငံသို့ လက်ရှိ တိုက်ရိုက်ပျံသန်းနေသော လေကြောင်းလိုင်းများတွင် TG ထိုင်းလေကြောင်းလိုင်း၊ Silk Air(MI) စင်္ကာပူ လေကြောင်းလိုင်းတို့အပြင် မလေးရှားလေကြောင်းလိုင်း နေ့စဉ်၊ တရုတ်လေကြောင်း လိုင်း (CI) နှင့် အိန္ဒိယလေကြောင်းလိုင်း (IC) တို့လည်း တပတ်လျှင် နှစ်ရက်သို့ သုံးရက် ပျံသန်းလျှက် ရှိပါသည်။
မြန်မာလေကြောင်းလိုင်း MAI သည် ထိုင်းနိုင်ငံဘန်ကောက်နှင့် စင်္ကာပူသို့ နေ့စဉ် ပျံသန်းလျက် ရှိပါသည်။
ပြည်တွင်း သတင်းထောက် (ရွှေဝါရောင် သတင်းလွှာ)

Category:

About Nhamngahanh: My name is Dinh Quang Huy . Known as Nhamngahanh .I'm administrator of SimplexDesign blog .This blog was opened for test .