The Best Manure မြေသြဇာ အဖွဲ့ မှ အထူး ထုတ်ပြန် ကြေငြာချက်

Anonymous | 7:48 PM |

အထူး ထုတ်ပြန်ကြေငြာချက်

လူထု တရပ်လုံး အတွက် စတေးခံ အကောင်းဆုံး မြေသြဇာ အဖွဲ့သည် ပြည်သူ လူထုအား လက်ရှိ ဖြစ်ပေါ် နေသော နိုင်ငံရေး၊ လူမှုရေး၊ စီးပွါးရေး များကို အမှန်ကို အမှန်အတိုင်း အရှိကို အရှိအတိုင်း ချပြ စည်းရုံးခြင်း၊ မတရား ပြုလုပ်လျှက် ရှိသည့် နအဖ စစ်အာဏာရှင် တစု၏ ဆောင်ရွက်ချက်များကို ဒါမှားသည်၊ ဒါမှန်သည်ကို ပြည်သူ/သား တယောက်၏ အခွင့်အရေး အတိုင်း ချပြ စည်းရုံးခြင်း များနှင့် မတရား အုပ်ချုပ် မင်းလုပ်နေပြီး ပြည်သူ တရပ်လုံးအား မတရား အနိုင်ကျင့် သတ်ဖြတ် ဖမ်းဆီး နေသော အစိုးရအား ဘားတိုက် ပြန်ရောက်သည် အထိ အကြောက် တရားများ ဘေးဖယ်ပြီး ငြိမ်းချမ်းစွာ လူထုလှုပ်ရှားမှုများ ပေါ်ထွက်လာဖို့ အတွက် ကြိုးစား ဆောင်ရွက်နေသော အဖွဲ့အစည်း ဖြစ်သည်။

ယခု အခါ စစ်အာဏာရှင် တစုနှင့် နောက်ပါများသည် မိမိ အဖွဲ့ဝင် လူငယ်များ ဖြစ်သော ဘိုဘိုသိန်း အပါအဝင် ( ၇ ) ယောက်အား မတရား ဖမ်းဆီးခြင်း၊ ကိုယ်ပိုင် ဟန်းဖုန်းများ သိမ်းယူခြင်း များကို ပြုလုပ်ခဲ့ကြပြီး မကြာခင်က ဖြစ်ပွားခဲ့သော ဗုံးကွဲမှုများကို မိမိတို့ မလုပ်ကိုင်ရ ပါပဲ မတရား စစ်ဆေး မေးမြန်းခြင်းများကို ပြုလုပ် နေပါသည်။

၂၅-၄-၂၀၁၀(တနင်္ဂနွေနေ့) ညနေ ပိုင်း တွင်လည်း ရန်ကုန်တိုင်း ၊ မြို့တော် ခန်းမ အနီး လားရှိုး ခုနှစ်လွှာ ပေါက်ဆီ ဆိုင်တွင် ရန်ပိုင် ဆိုသူအား ထပ်မံ ဖမ်းဆီးသွားပြီး ဗုံးကွဲမှုများနှင့် ပတ်သတ် သရောင်ရောင် စစ်ဆေး မေးမြန်းခြင်း များကို ပြုလုပ် နေပါသည်။

ထို့ကြောင့် လူထု တရပ်လုံး အတွက် စတေးခံ အကောင်းဆုံး မြေသြဇာ အဖွဲ့ အနေဖြင့် မူဝါဒ လမ်းစဉ်များ၊ လှုပ်ရှား ဆောင်ရွက်ခဲ့မှုများ အားလုံးတွင် အကြမ်းဖက်မှုများ လုံးဝ မပါရှိပဲ ငြိမ်းချမ်းသော နည်းနာများကို သာ လှုပ်ရှား ဆောင်ရွက်ခဲ့သည့် အတွက် မတရား အမှုဆင် ဖမ်းဆီး စစ်ဆေး နေမှုများအား အမြန်ဆုံး ရပ်တန့် ပေးရန်နှင့် ဘယ်လိုပဲ မတရား ဖမ်းဆီးမှုများ ရှိနေပါစေ ခေါင်းငုံ့ မခံနိုင်တော့တဲ့ မိမိ အဖွဲ့ဝင် များနှင့်အတူ ပြည်သူ လူထု တရပ်လုံးမှ လှုပ်ရှားမှုများ ရပ်တန့် သွားမှာ မဟုတ်ပဲ အရှိန်မြှင့် လှုပ်ရှား ဆောင်ရွက်ပြီး ပြည်သူ လူထု တရပ်လုံး၏ ဒါဏ်ခတ်မှုကို မလွဲမသွေ ခံရတော့မှာ ဖြစ်ကြောင်း နအဖ စစ်အာဏာရှင် တစုအား အသိပေး လိုက်သည်။

ထို့အပြင် ကျွန်ုပ်တို့ အဖွဲ့နှင့် ပြည်သူ လူထု တရပ်လုံးမှ နအဖ စစ်အာဏာရှင် ပြုလုပ်သည့် ၂၀၀၈ အခြေခံ ဥပဒေ ကို အတည် မပြုသလို၊ ၂၀၁၀ ရွေးကောက်ပွဲ ကိုလည်း ငြိမ်းချမ်းသော နည်းနာများ သုံးကာ ဖယ်ရှား တော်လှန် သွားမှာ ဖြစ်ကြောင်း အသိပေး အကြောင်းကြား လိုက်သည်။


မည်သည့် စစ်အာဏာရှင် မှ လူထုကို မအုပ်ချုပ်စေရ။
ဆက်သွယ်ရန်-
www.thebestmanure.org
tbmstk1@gmail.com

Category:

About Nhamngahanh: My name is Dinh Quang Huy . Known as Nhamngahanh .I'm administrator of SimplexDesign blog .This blog was opened for test .