ဒေါ်အောင်ဆန်းစုကြည် ရန်ကုန် ဆေးရုံကြီး တွင် အရေးပေါ် တက်ရောက် ဆေးကုသခံရ

Anonymous | 12:57 PM |

ဟိန်းခိုင်ထွန်း | ယနေ့ တနင်္ဂနွေ နေ့ည မြန်မာ စံတော်ချိန် ၉း၂၀ အချိန် တွင် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အား ရန်ကုန် ဆေးရုံကြီးသို့ အရေးပေါ် ၄၅ မိနစ်ခန့် တက်ရောက် ကုသခံလိုက်ရသည်ဟု သတင်း ရရှိသည်။

သူမ၏ စိုးရမ်ဖွယ်ရာ နှလုံးရောဂါ အခြေအနေကြောင့် ဆေးရုံသို့ တက်ရောက် ကုသခံရခြင်း ဖြစ်သည် ဟု ဒေါ်အောင်ဆန်းစုကြည် ၏ ရှေ့နေ တစ်ဦး ဖြစ်သူ ဦးဉာဏ်ဝင်းက အေအက်(ဖ)ပီ သတင်းဌာနကို ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် သည် ရေဓာတ် ခမ်းခြောက်သည့် ရောဂါလည်း ရှိပြီး သူမ၏ နှလုံး အခြေအနေမှာလည်း စိုးရိမ် ဖွယ်ရာ ဖြစ်သည် ဟု ရန်ကုန် မှာ လာသည့် အေပီ သတင်းတွင် ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည် သည် အစာအိမ် ရောဂါ လည်းရှိကာ ယခင် သီတင်းပတ် အတွင်း သူမ၏ ဆရာဝန်ဖြစ်သူ ဒေါက်တာ တင်မျိုးဝင်း နှင့် နှစ်ကြိမ် ကုသခံခဲ့ရသည်။ ပြီးခဲ့သည့် ကြာသပတေးနေ့ က ဒုတိယ အကြိမ် တွင် မူ ECG စက်များပါ သယ်ဆောင် သွားရသည်ဟု သိရှိရသည်။

ဒေါ်အောင်ဆန်းစုကြည် သည် နေအိမ်သို့ ည ၁၀ နာရီ မိနစ် ၂၀ တွင် ပြန်လည် ရောက်ရှိသည်။ သူမ အား လုံခြုံရေး အစောင့်အကျပ် ထူထပ်စွာဖြင့် ဆေးရုံသို့ ပို့ဆောင်ခဲ့ခြင်း ဖြစ်သည်။

ရန်ကုန် ဆေးရုံကြီးရှိ နှလုံး အထူးကုဌာနတွင် တက်ရောက် ကုသခံနေစဉ် အချိန်တွင်း လည်း လုံခြုံရေးများ ထူထပ်စွာ ချထားသည် ဟု မျက်မြင် တွေ့ရှိသူ ဆရာဝန် ကြီး တစ်ဦးက Freedom News Group သို့ပြောသည်။

source by : FREEDOM NEWS GROUP

Category:

About Nhamngahanh: My name is Dinh Quang Huy . Known as Nhamngahanh .I'm administrator of SimplexDesign blog .This blog was opened for test .