အမေရိကန်လွှတ်တော်အမတ် တိုက်တွန်းချက်အပေါ် ကြိုဆိုထောက်ခံချက်

Anonymous | 2:37 PM |

Joint Action Democratic Forces for Boycott 2010 Election in Burma
၂၀၁၀ မြန်မာနိုင်ငံရွေးကောက်ပွဲ သပိတ်မှောက်ပူးပေါင်းဆောင်ရွက်ရေး ဒီမိုကရေစီအင်အားစုများ
======================================================
မြန်မာ့ဒီမိုကရေစီအရေး ပြည်သူ့တပ်မတော်သားများမှ ပူးပေါင်းပါဝင်ကြဖို့
အမေရိကန်လွှတ်တော်အမတ် တိုက်တွန်းချက်အပေါ် ကြိုဆိုထောက်ခံချက်

ရက်စွဲ ။ ။ ဧပြီလ ၊ (၂၃) ရက် ၊ ၂၀၁၀

မြန်မာနိုင်ငံအတွင်းမှာ ဒီမိုကရေစီ ပြန်လည်ထွန်းကားဖို့ စစ်တပ်အတွင်း ကမျိုးချစ်တပ်သား တွေအနေနဲ့ ဒီမိုကရေစီ အင်အားစုတွေနဲ့ ပူးပေါင်းပြီး စစ်ခေါင်းဆောင် တွေကိုတိုက်ထုတ် ကြဖို့ အမေရိကန် အောက်လွှတ်တော် အမတ် ဒေနာ ရိုရာဘာကာ ( Dana Rohrabacher ) က ထုတ်ဖေါ်တောင်းဆို လိုက်သည့်အပေါ် ကျွန်ုပ်တို့ ပူးပေါင်းဆောင်ရွက်ရေး ဒီမိုကရေစီအင်အားစုများမှ ကြိုဆိုထောက်ခံလိုက်သည် ။

မြန်မာစစ်ခေါင်းဆောင်တွေရဲ့ ကူညီ လုပ်ဆောင် ပေးမှုတွေကြောင့် မြန်မာပြည်ဟာ တဖြည်းဖြည်းနဲ့ တရုတ်နိုင်ငံရဲ့ လက်အောက်ခံ နိုင်ငံ ဖြစ်လာနေပြီး မြန်မာနိုင်ငံရဲ့အချုပ်အချာအာဏာဟာ ၊ တိုင်း တပါးရဲ့ လက်ထဲကို ရောက်တဲ့ အဖြစ်မျိုးနဲ့ မြန်မာနိုင်ငံသားတွေ ရင်ဆိုင်နေကြရတယ်လို့ ကာလီဖိုး နီးယားပြည်နယ်က ရီပတ်ဘလီကန် လွှတ်တော်အမတ် ဒေနာ ရိုရာဘာကာက ပြောဆိုလိုက်သည် ဒါ့အပြင် တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ သယံဇာတတွေ ခိုးယူနေရုံမကဘဲ မြန်မာနိုင်ငံကို သူ့လက် အောက်ခံ နိုင်ငံတနိုင်ငံ ဖြစ်ဖို့အတွက် တဖြည်းဖြည်းနဲ့ သိမ်းသွင်းနေတယ်လို့ သူက ပြောပါတယ် ။

တရုတ်နိုင်ငံဟာ မြန်မာလူထုလက်ထဲကနေ တိုင်းပြည်ကို တဖြည်းဖြည်းနဲ့ လုယူနေကြောင်းအဲဒီလို မတရားသဖြင့် ရယူနိုင်ဖို့ အတွက်လည်း ကိုယ့်တိုင်းပြည်အပေါ် သစ္စာစောင့်သိဖို့ထက် မိမိအာဏာ တည်မြဲ ရေးကိုသာ ဦးစားပေး လုပ်ဆောင် နေကြတဲ့ မြန်မာစစ် ခေါင်းဆောင် တွေရဲ့ အကူအညီ အထောက်အပံ့နဲ့ လုပ်ဆောင်နေတာ ဖြစ်တယ်လို့လည်းဆိုပါတယ် ။

ဒါကြောင့် တိုင်းပြည်ကို ကယ်တင်လိုစိတ်ရှိတယ် စစ်မှန်တဲ့ အမျိုးသား ပြန်လည် ရင်ကြား စေ့ရေးကိုအမှန် လုပ်ဆောင်လိုကြတယ် ၊ မြန်မာနိုင်ငံကြီး တိုင်းတပါး လက်အောက်ခံ နိုင်ငံ ဖြစ်မသွား စေချင်ဘူး ဆိုရင် မျိုးချစ်စိတ် ရှိသူတွေနဲ့ လွတ်လပ်မှုကို လိုလားကြတဲ့ မြန်မာနိုင်ငံ သားတွေ အနေနဲ့ အာဏာရှင် တွေကို ဆန့်ကျင် တိုက်ထုတ်သွားနိုင်ဖို့ အားလုံး တညီတညွတ်တည်း ပူးပေါင်း လုပ်ဆောင် ကြရမှာ ဖြစ်ပါကြောင်း တိုင်းပြည်ကို ဆယ်စုနှစ်ပေါင်းများစွာ တင်းတင်း ကျပ်ကျပ် ဖိနှိပ် အုပ်ချုပ် လာခဲ့တဲ့ စစ်အာဏာရှင် တွေကို တိုက်ထုတ်နိုင်ဖို့အတွက် လက်နက်ကိုင် တိုင်းရင်းသားအင်အားစုတွေ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ ဒီမိုကရေစီ အင်အားစုတွေနဲ့ တခြား မျိုးချစ်ပုဂ္ဂိုလ်တွေ ပူးပေါင်း လုပ်ဆောင်ကြဖို့ လိုအပ်တယ် လို့လည်း သူက ပြောပါတယ် ။

ဒါ့အပြင် တပ်မတော်အတွင်းက မျိုးချစ် အရာရှိ အရာခံ ၊ အကြပ် ၊ တပ်သားတွေ အနေနဲ့လည်း ဒီမိုကရေစီ အင်အားစုတွေနဲ့ ပူးပေါင်းပြီး စစ်ခေါင်းဆောင်တွေကို ပုန်ကန်တိုက်ထုတ်ကြဖို့ ယင်းလွှတ်တော်အမတ်က တောင်းဆိုလိုက်ပါတယ် ။

အတိုက်အခံ အင်အားစုတွေကလည်း ဂုဏ်သရေ ပြည့်ဝပြီး ပြည်သူနဲ့ တိုင်းပြည်အကျိုးကို ရှေးရှုတဲ့ တပ်မ တော်ကြီး ဖြစ်လာဖို့ ဆန္ဒရှိ နေကြတဲ့ စစ်တပ် အတွင်းက မျိုးချစ် ရဲဘော်တွေနဲ့ လက်တွဲ လုပ်ဆောင်ကြဖို့ လိုအပ်ကြောင်းနှင့် တပ်မတော်အတွင်းက စစ်မှန်တဲ့ စိတ်ထား ရှိကြတဲ့ ခေါင်းဆောင်တွေ အနေနဲ့လည်း အမှန်တကယ် လွတ်လပ်ပြီး ဖွံ့ဖြိုးတိုးတက်တဲ့ မြန်မာနိုင်ငံတော်ကြီး ဖြစ်လာရေး လုပ်ဆောင်ကြဖို့ အချိန် ကျရောက်ပြီဖြစ်ကြောင်း ၊ အခုချိန်ဟာ တိုင်းရင်းသားတွေနဲ့ ဒီမိုကရေစီ အင်အားစုတွေ အပါအ၀င် မျိုးချစ် စိတ်ရှိတဲ့ တပ်မတော်သားတွေအတွက် တော်လှန်ပုန်ကန်ကြဖို့ အခွင့်အခါကောင်းဖြစ်တာကြောင့် ဒီအခွင့် အရေးကို လက်လွတ်ဆုံးရှုံးမခံကြဖို့နဲ့ အဲဒီလို ဒီမိုကရေစီ အရေးအတွက်တော်လှန်ပုန်ကန်သူတွေဘက်မှာ ကမ္ဘာ့မိသားစုကြီးက ရှိနေမှာ ဖြစ်သလို ထောက်ခံအားပေးကြမှာပါလို့ လွှတ်တော်အမတ် ရိုရာဘာကာက အားပေးတိုက်တွန်း ပြောကြားခဲ့ပါတယ် ။

မြန်မာစစ်အစိုးရက အခုနှစ်အတွင်း ကျင်းပဖို့ စီစဉ်နေတဲ့ ရွေးကောက်ပွဲကို တရားမျှတပြီး သက်ဆိုင်သူတွေ အားလုံး ပါဝင်နိုင်အောင် ဖန်တီးပေးဖို့ အာဆီယံနိုင်ငံ အတွင်းက ခေါင်းဆောင်တွေ အပါအ၀င် ကမ္ဘာ့နိုင်ငံ အသီးသီးက ၀ိုင်းဝန်း တောင်းဆိုနေကြတဲ့ အချိန်မှာ လွှတ်တော်အမတ် ဒေနာ ရိုရာဘာကာကအမေရိကန် လွှတ်တော်ကို ပြောကြားတဲ့အထဲမှာ အခုလို ထည့်သွင်း ပြောဆိုသွားခြင်းဖြစ်ပါသည် ။

သို့ဖြစ်ပါ၍ ကျွန်ုပ်တို့ ပူးပေါင်းဆောင်ရွက်ရေး ဒီမိုကရေစီအင်အားစုများမှ ထိုတင်ပြတိုက်တွန်းချက် အပေါ်ကြိုဆို ထောက်ခံလိုက်ပြီး ထပ်ဆင့်တောင်းဆိုလိုက်သည် ။

၁ ။ ၂၀၁၀ လှုပ်ရှားမှုအဖွဲ့ ( ပြည်တွင်း )
၂ ။ ၈၈မျိုးဆက်ကျောင်းသားများ(ပြည်ပ)
၃ ။ မြန်မာ့ဒီမိုကရေစီအင်အားစု (နယ်သာလန်)
၎ ။ မြန်မာ့ဒီမိုကရေစီအင်အားစု (ဘယ်လ်ဂျီယံ)
၅ ။ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ပြည်ပ)
၆ ။ ဖေါ့ဝိန်းမြန်မာ့ဒီမိုကရေစီအင်အားစုများ (အမေရိကန်ပြည်ထောင်စု)
ရ ။ မြန်မာကျောင်းသားများအစည်းအရုံး (ဆန်ဖရန်ဆစPကို - ဘေးဧရိယာ )

ဆက်သွယ်ရန်
မြတ်သီဟ ( EU )+ 31 61 61 03181 ၊ အောင်မြင့်ထွန်း ( USA ) (260) 249 – 7189

Category: ,

About Nhamngahanh: My name is Dinh Quang Huy . Known as Nhamngahanh .I'm administrator of SimplexDesign blog .This blog was opened for test .