သန်းရွှေရဲ့ မျက်နှာဖုံး နောက်ကွယ်က မူရင်း စိတ်အသွင် သဏ္ဍာန်

Anonymous | 4:56 PM |

ဒီစာအုပ် ဟာ သန်းရွှေရဲ့ ဘ၀ အကြောင်းကို ရေးသားထားတဲ့ “Than Shwe: Unmasking Burma's Tyrant “ စာအုပ်ပါ။ ရေးသားသူ ကတော့ Benedict Rogers ဖြစ်ပြီး၊ ချက်နိုင်ငံ သမ္မတဟောင်း Vaclav Havel ၊ Burma in Revolt စာအုပ် ရေးသားသူ Bertil Lintner ၊ Daughter and Karen political activist from Burma စာအုပ်ရေးသားသူ ဇိုရာဖန်း တို့ကနေ သုံးသပ် ထားပါတယ်။

ဒီစာအုပ်ထဲမှာ - သန်းရွှေရဲ့ နျူကလီးယား အစီအစဉ် လုပ်ဆောင်မှု ရူးသွပ်မှု၊ ဓါတု လက်နက် အစီအစဉ် လုပ်ဆောင်မှုတွေ၊ မူးယစ် ဆေးဝါး ထုတ်လုပ်ရေး လုပ်ဆောင်မှုတွေမှာ သန်းရွှေ ပယောဂတွေ ထိပ်ဆုံးက ပါဝင် ပတ်သက် နေကြောင်းတွေ ဖေါ်ပြထားပါတယ်။

ထို့ အပြင် ယုတ်မာ ကောက်ကျစ်သော ဖျံကျသော တစ်ကိုယ်ကောင်းဆန် အာဏာ မက်သော သန်းရွှေရဲ့ အကျင့် စရိုက်တွေကိုလည်း ဖေါ်ပြ ထားကြောင်းနဲ့  သန်းရွှေ ကဲ့သို့  အာဏာရူးတိုင်းဟာ သူရဲ့ အာဏာ တည်မြဲဖို့ အတွက် မည်သူ့ ကိုမှ အလျှော့ပေး လိုက်လျော ညှိနှိုင်း တာတွေကို လုပ်မှာ မဟုတ်ကြောင်း သုံးသပ် ပြထားပါတယ်။ ဒါတွေကို မြန်မာ ပြည်သူတွေ နားလည် သိစေချင်တဲ့ စာရေးသူရဲ့ စေတနာပါ။ နအဖတွေ ဘက်ကများ လိုက်လျှော ညှိနှိုင်းမှုတွေ နိုင်ငံရေး အရ မျှော်လင့်ချက်တွေ ရနိုင်မလား ဆိုပြီး နအဖနဲ့ တွဲဘက် ဆောင်ရွက်ရန် ခြေလှမ်း လှမ်းနေကြသူကို သတိပေးတဲ့ အနေနဲ့ ဒီစာအုပ် ဖတ်ဖို့ သင့်ကြောင်းလည်း နှိုးဆော် လိုက်ရပါတယ် ခင်ဗျား

ဒေါင်းလုပ်လင့်

Category:

About Nhamngahanh: My name is Dinh Quang Huy . Known as Nhamngahanh .I'm administrator of SimplexDesign blog .This blog was opened for test .