သန်လျင် ကျောက်တန်း ဒေသမှ ၀ါးပင်များ အပွင့်ပွင့်နေ

Anonymous | 1:41 AM |

သန်လျင် ကျောက်တန်း ဒေသရှိ ၀ါးရုံ တော်တော် များများတွင် ၀ါးပွင့် များ ပွင့် နေကြောင်း ဒေသခံများ ထံမှ သိရှိ ရသည်။ ၀ါးပင် တို့၏ habit အရ အနှစ် နှစ်ဆယ် သုံးဆယ်တွင်မှ တခါ အပွင့်ပွင့် တတ်ကြသည်။ ၄င်း ၀ါးပင်များ အပွင့် ပွင့်လျှင် တိုင်းပြည်တွင် ကြီးမားသော အပြောင်းအလဲများ ( သို့ ) ခေတ်ပျက်ခြင်း ကြုံရလေ့ ရှိကြောင်း မြန်မာ လူမျိုးများက ယုံကြည်ကြသည်။ သန်လျင် ကျောက်တန်း ဒေသတွင် အနှစ် နှစ်ဆယ်ကျော် အတွင်း ယခု တခေါက် ၀ါးပွင့်ခြင်းသည် သုံးကြိမ် မြောက် ဖြစ်ကြောင်း ရှေ့မှီ နောက်မှီ လူကြီးများ၏ ပြောကြားချက် အရ သိရှိရသည်။

ပထမ အကြိမ် ၀ါးပွင့်ခြင်းကို ၁၉၈၈ ခုနှစ် နွေရာသီတွင် ကြုံတွေ့ ကြရကြောင်း ၄င်းဝါးပွင့်ပြီး မကြာမီတွင် ၁၉၈၈ အရေးအခင်းကြီး ဖြစ်ပေါ်ခဲ့ကြောင်း။ မကြာသေး အချိန် ၂၀၀၇ ခုနှစ် ကလဲ ဒုတိယ အကြိမ် ၀ါးများပွင့်ကြောင်း၊ ၀ါးပွင့်ပြီး သိပ်မကြာခင်တွင် ရွှေဝါရောင် တော်လှန်ရေးကြီး ဖြစ်ပေါ် ခဲ့ကြောင်းနှင့် ယခု အကြိမ် ၀ါးများ အပွင့်ပွင့်ခြင်းသည် တတိယ အကြိမ်မြောက် ဖြစ်ကြောင်းနှင့်  ၂၀၀၇ ခုနှစ်က ဒုတိယ အကြိမ်နှင့် သိပ်ကွာခြားမှု မရှိ၍ အလွန် အံ့သြဖွယ် ကောင်းကြောင်း၊ ၀ါးပင်တို့ မည်သည် တစ်ခါ အပွင့် ပွင့်ပြီး ပါက တစ်ရုံလုံး သေသွား တတ်ပြီး အပင်သစ်များ ထပ်မံ ပေါက်လာကြောင်း တခါ အပွင့် ပွင့်ပြီး နှစ်ပေါင်း အတော်ကြာမှသာ ထပ်ပွင့်လေ့ ရှိကြောင်း၊ ယခုလို နှစ်နှစ် သုံးနှစ် အတွင်း ပြန်ပွင့်ခြင်းမှာ ဖြစ်တောင့် ဖြစ်ခဲ ဖြစ်သောကြောင့် နိုင်ငံတော် အတွင်း အပြောင်းအလဲ ကြီးကြီး မားမား တခု ကြုံလာနိုင်ကြောင်း ပြည်သူ အများက ယုံကြည် နေကြသည်။

Category:

About Nhamngahanh: My name is Dinh Quang Huy . Known as Nhamngahanh .I'm administrator of SimplexDesign blog .This blog was opened for test .