အဘ ဦးဝင်းတင် ပြောတဲ့ လူထုကို အခြေပြုတဲ့ နိုင်ငံရေးရဲ့ ပထမခြေလှမ်း

Anonymous | 6:56 PM |

5.5.2010နေ့က အဘဦးဝင်းတင်နဲ့ other side အပါအ၀င်အင်အား စုတော်တော်များများ အစည်းအဝေးလုပ်ဖြစ်တယ်။ အဲဒီအစည်းအဝေးမှာ အဘဦးဝင်းတင်ပြောတဲ့ လူထုကိုအခြေပြုတဲ့ နိုင်ငံရေးရဲ့ ပထမခြေလှမ်းအဖြစ် လက်မှတ်ထိုးတဲ့ လှုပ်ရှားမှု စတင်ဖို့အတွက် ဆွေးနွေးကြပါတယ်။

၎င်းကန်ပိန်းကို အဘဦးဝင်းတင်က ဦးဆောင်ပြီးတော့ ရန်ကုန်အပါအ၀င်နယ် 7 နယ်မှ အင်အားစုများက ပါဝင်ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။
လှုပ်ရှားမှုကာလကို 7.5.2010 ကနေစပြီး 7.7.2010 (7 ဇူလိုင်နေ့) အထိ သုံးလတာ သတ်မှတ်ထားပါတယ်။
လှုပ်ရှားမှုစတင်တဲ့ 7.5.2010 နေ့မှာပဲ လက်မှတ်ပေါင်း သုံးရာကျော် ရရှိခဲ့ပါတယ်။ လှုပ်ရှားမှုရဲ့ ရည်ရွယ်ချက်က အချက်ခြောက်ချက်ရှိပါတယ်။
၁။ ဒေါ်အောင်ဆန်းစုကြည်၊ ဦးခွန်ထွန်းဦးနဲ့ မတရားဖမ်းဆီးခံထားရသော ကျောင်းသားများ အပါအ၀င်နိုင်ငံရေး အကျဉ်းသားများ ချွင်းချက်မရှိအမြန်ဆုံး ပြန်လည်လွှတ်ပေးရန်
၂။ 2008 ဖွဲ့ စည်းပုံအခြေခံဥပဒေ ကိုပြန်လည်ပြင်ဆင်ပေးရန်
၃။ 2010 ရွေးကောက်ပွဲ ဥပဒေကို ပြန်လည်ပြင်ဆင်ပေးရန်
၎။ 1990 ရွေးကောက်ပွဲရလဒ်ကိုအသိအမှတ်ပြုပေးရန်
၅။ 1990 ရွေးကောက်ပွဲရလဒ်အရ ပေါ်ထွန်းလာသောပြည်သူ့ လွှတ်တော်များအား လုပ်ပိုင်ခွင့်များ အပ်နှင်းရန်
၆။ NLD ပါတီကိုတရားဝင်ရပ်တည်ခွင့် ပေးရန် တို့ ပဲဖြစ်ပါတယ်။
ရရှိလာတဲ့လက်မှတ်များကို ဘယ်ကိုမှတင်ပြမှာ မဟုတ်ပဲ လှုပ်ရှားမှုကိုဦးဆောင်တဲ့ အဘ ဦးဝင်းတင် အပါအ၀င် အဖွဲ့ဝင်များက သိမ်းထားမှာဖြစ်ပြီးတော့ မကြာခဏအနေနဲ့ မီဒီယာကနေ တဆင့် ဘယ်ရွေ့ ဘယ်မျှ ရရှိကြောင်း ကြေငြာပြီးနအဖကို မပြတ်သတိပေးသွားမှာဖြစ်ပါတယ်။

ဒီလှုပ်ရှားမှုကို ဦးဆောင်ပါဝင်တဲ့ အဖွဲ့များကတော့ NLD လူငယ်များ၊ youth 109 ၊2007 မျိုးဆက်ကျောင်းသားများ (ရန်ကုန်)နဲ့ အခြားဒီမိုကရေစီရေး ဆောင်ရွက်နေသူ ပြည်သူအများပါဝင်ပါတယ်။ အဖွဲ့နာမည်ကိုတော့ ရွှေဝါရောင် မျိုးဆက်ဒီမိုကရေစီ လိုလားသူများ လို့ ပေးထားပါတယ်။ နောက်ရက်တွေ အချက်အလက်တွေထပ်ရရင်ပို့ ပေးပါဦးမယ်။ ဒီသတင်းကို လဲဘလော့တွေ ဆိုက်ဒ်တွေ ပေါ်မှာဖြန့် ပေးပါ။

Category:

About Nhamngahanh: My name is Dinh Quang Huy . Known as Nhamngahanh .I'm administrator of SimplexDesign blog .This blog was opened for test .