လျှပ်တပြက်ဂျာနယ် ဖိုတိုရှော့နဲ့ သုံးပြီး ပြည်သူကို လိမ်လည်သတင်းထုတ်ပြန်နေ

Anonymous | 11:05 PM |

Mr. Kurt Campbell နှင့် ဒေါ်အောင်ဆန်းစုကြည် တို့ သုံးဦး ပုံကို လျှပ်တပြက် ဝိုင်းတော်သားတွေ ဖိုတိုရှော့နဲ့ သုံးပြီး ပြည်သူကို လိမ်လည်သတင်းထုတ်ပြန်နေတာပါ။ ပြည်သူဆီက အခကြေးငွေယူပြီး မှန်ကန်တဲ့ သတင်းမထုတ်ပြန်ရဲရင် ပုံမှန်အတိုင်း ဘုရား သွားကျောင်းတက် သတင်းပဲ ဂျာနယ်မှာ ထည့်ပါလား။

ဤ ပုံကိုကြည့်လိုက်ပါက လျှပ်တပြက်ဂျာနယ် က နအဖရဲ့ လက်ကိုင်တုတ် ဂျာနယ်ဆိုတာသိသာ ထင်းရှားနေတဲ့ သက်သေ တခုပါဘဲ..။ ဘာကြောင့်များ လူထုချစ်မြတ်နိုးတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုသူတို့ ကြောက်လန့် နေကြတာလဲဆိုတာ တော့ စဉ်းစားစရာတစ်ခု ပါဘဲ..။

အမှန်တရားကို တကယ်ချစ်မြတ်နိုးတဲ့ လူတွေကတော့ လူထုခေါင်းဆောင်ကို ချစ်မြတ်နိုးပြီ လေးစားချစ်ခင်ကြတာပါ...။ အမှန်တရားကို ဖုံးကွယ်နေကြတဲ့ စစ်အုပ်စုအာဏာရှင်တွေကတော့ တော်တော် လေးကိုကြောက်လန့် နေကြတာပါ..။

ဒါကြောင့် ကျမတို့ ခေါင်းဆောင်ပြောတဲ့ စကားလေးအတိုင်းဘဲ အမှန်တရားအတွက်လုပ်တဲ့ သူတွေဟာ ရှုံးရင်လဲ နိုင်တာပဲ.. နိုင်ရင်လဲ နိုင်တာပဲ.. ဘယ်တော့မှ မရှုံးဘူး..ဆိုတာကိုတော့ စစ်အုပ်စု အာဏာရှင် တွေနဲ့သူတို့ရဲ့လက်ကိုင်တုတ် သတင်းဂျာနယ်တွေအထူးသဖြင့်လျှပ်တပြက် ဂျာနယ်အယ်ဒီတာအဖွဲ့နှင့် စစ်အုပ်စုအာဏာရှင်တွေကို မျက်နှာ ရအောင် လုပ်တတ်သော ဦးမြတ်ခိုင်ကို ဒီပို့စ်လေးနဲ့ ပြောကြားလိုက်ပါသည်။

မမြတ်လေးငုံ ဘလော့ဂ်မှ ပြန်လည်ကူးယူဖော်ပြသည်။

Category: ,

About Nhamngahanh: My name is Dinh Quang Huy . Known as Nhamngahanh .I'm administrator of SimplexDesign blog .This blog was opened for test .