ကဗျာဆရာ ကိုစောဝေ အကျဉ်းထောင်မှ လွတ်မြောက်

Anonymous | 1:22 AM |

၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလ က ဗိုလ်ချုပ်မှုးကြီး သန်းရွှေ အား ကဗျာ ဖြင့် သရော်ခဲ့သည့် ကဗျာဆရာ စောဝေ သည် ယနေ့ မနက် အစောပိုင်း က ရမည်းသင်း အကျဉ်းထောင် မှ ပြန်လည် လွတ်မြောက် လာပြီ ဖြစ်ကြောင်း ကိုစောဝေ ၏ ဇနီးဖြစ်သူ မနန်းစန်းစန်းအေး က ပြောသည်။ သူညနေ လောက် အိမ်ကို ပြန်ရောက် လာလိမ့်မယ်။ အခုတော့ လွတ်တာ သေချာ သွားပြီ။ သူနဲ့ တယ်လီဖုန်းပြောပြီး ပြီ ဟု ပြောသည်။
ကဗျာဆရာ စောဝေ သည် HIV နှင့် နေထိုင်သည့် ကလေးငယ်များ အတွက် ရံပုံငွေ ရှာဖွေရေး လုပ်ငန်းများ ဖြစ်သည့် အဖြူရောင် သက်တံ့ ကဗျာ ရွတ်ဆိုပွဲ များ ကို ဦးဆောင်ခဲ့သူ ဖြစ်သည်။

၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလထုတ် အချစ်ဂျာနယ် တွင် ချစ်သူများ နေ့ နှင့် ပတ်သက်ပြီး သူရေးသည့် အချစ်ကဗျာ တပုဒ် မှာ မြန်မာ စစ်အာဏာရှင် ဗိုလ်ချူပ်မှုး ကြီး သန်းရွှေ အား သွယ်ဝိုက်ပြီး ထိခိုက် သည် ဟု စာဖတ်ပရိတ် သတ် က အထင်ရှိသောကြောင့် လွန်ခဲ့သည့် နှစ်နှစ် ခန့် က ထောင်ဒဏ် နှစ် နှစ် အပြစ် ပေးခံခဲ့ရသည်။

မြန်မာ နိုင်ငံတွင် ဒီမိုကရေစီ ရေး အတွက် ပါဝင် လှုပ်ရှားသည့် ကဗျာဆရာ၊စာရေးဆရာ များ ကို စစ်အစိုးရ က အကြောင်း အမျိုးဖြင့် ဖမ်းဆီးထောင်ချ ချသည်။ ဧပြီ လ ၁၅ ရက်နေ့ က ကန်တော်ကြီး ဗုံးကွဲမှု တွင် ဓာတ်ပုံ
မှတ်တမ်း ရိုက်ကူး သော စာရေးဆရာ လင်းယုန်မောင်မောင် ၏ သား နှင့် မြေးဖြစ်သူ အား စစ်အစိုးရ မှအကြောင်းမဲ့ ဖမ်းဆီးထားသည်။
သတင်း - Freedom News Group

Category: ,

About Nhamngahanh: My name is Dinh Quang Huy . Known as Nhamngahanh .I'm administrator of SimplexDesign blog .This blog was opened for test .