ထိုင်းစစ်တပ်ရဲ့ စနစ်တကျဖြို ခွဲမှု့ အပြီးမှာ ရှပ်နီခေါင်းဆောင်တွေ လက်နက်ချပြီ

Anonymous | 12:54 AM |


မေ ၁၉၊ ၂၀၁၀။ ၁၅၁၂ နာရီ။

(ဘန်ကောက်)009 | ထိုင်းနိုင်ငံရဲ့ အစိုးရ ဆန့်ကျင်ရေး ရှပ်နီ အရေးတော်ပုံ ဟာ ဗုဒ္ဓဟူးနေ့ နေ့လယ်မှာ အပြီးတိုင် နိဂုံးချုပ်သွားပြီဖြစ်ပါတယ်။ အနည်းဆုံးရှပ်နီ ခေါင်းဆောင် လေးဦးလောက်ဟာ ထိုင်းစစ်တပ်ရဲ့ စနစ်တကျဖြို ခွဲမှု့ အပြီးမှာ ရဲစခန်းမှာ လက်နက်ချအရှုံးပေးသွားတာ ဖြစ်ပါတယ်။

ဘန်ကောက်ရဲ့အထင်ကရ Shopping Area မှာ ရက်သတ္တပတ် ခြောက်ပတ် လောက် တပ်စွဲထားပြီး လမ်းပိတ်ဆို့ ဆန္ဒပြခဲ့ကြတဲ့ ရှပ်နီတွေဟာ သူတို့ရဲ့ ထောင်ပေါင်းများစွာသော အားပေးထောက်ခံသူတွေကို စခန်းက ထွက်ခွာဖို့ အသိပေးလိုက်တာပါ။ အစိုးရဲ့အစီ အစဉ်နဲ့ ဘတ်စ် ကားကြီးတွေ အသင့်ပြင်ထားတဲ့ နေရာတွေ စီသွားဖို့ အဲဒီကားကြီးတွေနဲ့ ဘန်ကောက်ကနေထွက်ခွာဖို့ ပါ။

"ကျနော်..သူတို့ကို အိမ်ပြန်တော့" လို့ ထိပ်တန်းရှပ်နီခေါင်းဆောင် နတ္တ၀တ် ဆိုက်ကွား (Nattawut Saikuar) ကသူ အထိမ်း အသိမ်းခံနေရတဲ့ ရဲဌာနချုပ်မှာ လုပ်တဲ့ တီဗွီ အင်တာဗျူး တခုမှာ ပြောသွားပါတယ်။ "ရဲအစောင့် အရှောက် အပြည့်နဲ့လမ်းမှာ မင်းတို့ လုံခြုံစိတ်ချ စွာပြန်နိုင်ပါလိမ့် မယ်.." လို့ လဲသူက ဆက်ပြောပါတယ်။


အစောပိုင်းမှာ ရှပ်နီခေါင်းဆောင်တွေဟာ ၀မ်းနည်းခြင်းကြီးစွာနဲ့ စိတ်ဓါတ်တက် ကြွနေတဲ့ လူအုပ်ကြီး ကို အသိပေးခဲ့ ပြီးပါပြီ။ အမျိုး သမီးတွေနဲ့ ကလေးငယ်တွေအများကြီးပါတဲ့ လူအုပ်ကြီးကို "မင်းတို့ခံစား နေရတာ ငါသိပါတယ်.. ငါတို့ထဲ ကတချို့မှာလဲ ပြောစရာစကား ကို မကျန်တော့ပါဘူး.. ဒါပေမယ့် ငါတို့ အားလုံး အကျ အဆုံး တွေကို ထပ်မမြင်လိုတော့ဘူး" လို့ ရှပ်နီခေါင်းဆောင်တဦးဖြစ်တဲ့ ဂျတုပွန်ပရွန်ပန် (Jatuporn Prompan) ကပြောပါတယ်။

"စစ်တပ်တက်လာရင် မင်းတို့တွေ အထိနာကြတော့မယ်.. ဒါကိုကြည့်နေဖို့ ငါတို့မှာ စွမ်းအား မရှိတော့လို့ပါ.."

"ငါတို့ ဒီအရေးတော်ပုံကြီးကို ဒီနေရာမှာပဲ အဆုံးသတ်လိုက်ပါပြီ.." လို့ နတ္တ၀တ်ဆိုက်ကွား က သပိတ်စခန်း စင်မြင့်ကြီးပေါ်မှာ မိန့်ခွန်းခြွေခဲ့တာပါ..။

"ဒါဟာ လက်ခံနိုင်စရာ မရှိဘူး ဆိုတာသိပါတယ်.. မင်းတို့ မကြားချင်တဲ့ စကားဆိုတာလဲ သိပါတယ်..။ ဒါပေမယ့် ဒီ ရက်စက်မှူ ကို ငါတို့ ဘယ်လိုမှ ထိမ်းမထားနိုင်တော့လို့ပါ..။"

"ငါတို့ရဲ့ လွတ်လပ်မှူ ကို ငါတို့ ရဲ့ အသက်လုံခြုံ မှုနဲ့ လဲလိုက်ရတော့ မယ်..."

"ငါတို့ အကောင်းဆုံး ကြိုးစားခဲ့ကြ ပြီးပြီ ပဲ..."


Source by : New - AFP
သတင်းဘာသာပြန်ပေးပို့သူ - သတင်းထောက်009 အားကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။

Category:

About Nhamngahanh: My name is Dinh Quang Huy . Known as Nhamngahanh .I'm administrator of SimplexDesign blog .This blog was opened for test .