မြန်မာပြည်တွင်း လတ်တလောသတင်းများ ဖော်ပြခြင်း

Anonymous | 12:26 AM |


“လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အကြိုပညာရေး ထောက်ပံ့ကြေးငွေပေးအပ်”

၅.၅.၂၀၁၀ ဗုဒ္ဓဟူးနေ့ မွန်းလွဲ့ ၁ နာရီက ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ အနောက်ရွှေဂုံတိုင်ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင် ဇွန်လ ၁၉ ရက်နေ့တွင်ကျရောက်မည့် ၆၅ နှစ်မြောက် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ အကြိုအဖြစ် နိုင်ငံရေးအကျဉ်းသားများ၏ သားသမီးများကို ပညာရေးထောက်ပံ့ငွေ ပေးအပ်ပွဲတရပ်ကျင်းပခဲ့သည်။

အဆိုပါ ပညာရေး ထောက်ပံ့ကြေးငွေပေးအပ်ပွဲသည်န၀မအကြိမ်မြောက်ဖြစ်ပြီး တဦးလျှင် ၂၃၀၀၀ ကျပ်စီရရှိကြသည် ဟုသိရသည်။ အကျဉ်းကျနိုင်ငံရေးသမားများ၏ သားသမီး ၁၂၅ ယောက်အတွက် (၂၈ သိန်း ၇သောင်း ၅ ထောင်) ကုန်ကျကြောင်းသတင်းရရှိသည်။

"စာပေနှင့်အနုပညာရှင်များက ကန့်ကွက်ရှုတ်ချ"
၆.၅.၂၀၁၀ နေ့က ဦးရဲထွန်းဦးဆောင်သော ၈၈ မျိုးဆက်သစ် ကျောင်းသားများအဖွဲ့ (ပြည်ထောင်စုမြန်မာနိုင်ငံ)၏ ပါတီအမှတ်အသားကို ခွပ်ဒေါင်းသင်္ကေတထည့်သုံး၍ သရုပ်ဖော် ထားခြင်းကို မြန်မာနိုင်ငံအတွင်ရှိ စာပေနှင့်အနုပညာရှင်များက ကန့်ကွက်ရှုတ်ချကြသည်။ ယင်းကန့်ကွက်စာကို နေပြည်တော်ရှိနိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်သို့ ယနေ့ ပေးပို့လိုက်သည်။ ခွပ်ဒေါင်းသင်္ကေတသည် နယ်ချဲ့ဆန့်ကျင်ရေးနှင့် အမျိုးသားလွတ်မြောက်ရေး ဦးဆောင်ပြုခဲ့ကြသော မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများနှင့် ကျောင်းသားသမဂ္ဂအဆင့်ဆင့် ကိုယ်စားပြုထားသည့်အတွက် နိုင်ငံရေးပါတီတခု အနေဖြင့် အသုံးပြုမသင့်ကြောင်း၊ ခေတ်အဆက်ဆက် မြန်မာ့ကျောင်းသားလှုပ်ရှားမှုများးကို ရုပ်ပျက်ဆင်းပျက်ဖြစ်အောင် မလုပ်သင့်ကြောင်း ကန့်ကွက် စာတွင်ပါရှိသည်။

အဆိုပါကန့်ကွက်စာကို ယနေ့မြန်မာနိုင်ငံ စာပေနှင့်အနုပညာရှင်ကြီးများဖြစ်သည့် ဆရာဒဂုန်တာရာ ၊ လူထုစိန်ဝင်း ၊ မောင်ဝံသ အစရှိသူ ဆရာကြီးများနှင့်ပန်းချီ၊ ဂီတပညာရှင် လူငယ် ၃၀ ကျော် လက်မှတ်ရေးထိုးထားကြသည်ဟု သိရှိရသည်။

Category:

About Nhamngahanh: My name is Dinh Quang Huy . Known as Nhamngahanh .I'm administrator of SimplexDesign blog .This blog was opened for test .