တရုတ်ပိုင် သတ္တုတွင်း မြေပြို ၁၃ ဦးသေ

Anonymous | 6:05 AM |


တရုတ် မြန်မာနယ်စပ် ကချင်ပြည်နယ် ပန်ဝါဒေသရှိ သတ္တုတွင်း တတွင်း၌ ပြီးခဲ့သည့် တနင်္လာနေ့ညနေက မြေပြိုကျမှု ဖြစ်ပွားခဲ့ရာ တရုတ်လူမျိုး အလုပ်သမား ၁၃ ဦး သေဆုံးပြီး၂ ဦးပျောက်ဆုံးနေကြောင်း ယနေ့ထုတ် People Daily သတင်းတွင် ရေးသား ထား သည်။

အဆိုပါ မြေပြိုမှုကြောင့် သေဆုံးခဲ့သည့် တရုတ် အလုပ်သမား ၁၃ ဦး၏ ရုပ်အလောင်းများကို ယမန်နေ့မနက်က ပြန်လည်တူးဖော် ရရှိခဲ့ပြီး ဒဏ်ရာရရှိသူ ၅ ဦးကိုလည်း ယူနန်ပြည်နယ် ထိန်ချုံး ဆေးရုံတွင် ဆေးကုသပေးနေကြောင်း တရုတ်ကွန်မြူနစ်ပါတီ ထိန်ချုံးခရိုင် ပြန်ကြားရေးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူတဦးကို ကိုးကား၍ ဖော်ပြထားသည်။တရုတ်မြန်မာနယ်စပ် ဒေသခံတဦးကလည်း ယင်း သတ္တုတွင်းသည် ဦးစခုန်တိမ်ယိန်း ဦးဆောင်သည့် ကချင်ပြည် ဒီမိုကရေစီသစ်
တပ်မတော် (NDA-K) ထိန်းချုပ်ထားသော ဖီမော်မြို့နယ်တွင် တည်ရှိပြီး နယ်ခြားမှတ်တိုင် ၇ နှင့် လည်း ကပ်လျက်ရှိသည်ဟု ဧရာဝတီ သို့ပြောသည်။


တရုတ်မြန်မာနယ်စပ် NDA-K တပ်ဖွဲ့များ ထိန်းချုပ်ရာ ထိုဒေသများတွင် ခဲမဖြူ ၊ အဖြိုက်နက် ထုတ်လုပ်နေသည့် တရုတ် လူမျိုးပိုင် သတ္တုတွင်းပေါင်း ၁၁ ခုရှိကြောင်း အဆိုပါ ဒေသခံက ဆက်လက်ပြောပြသည်။

တရုတ်နိုင်ငံမှ ရင်းနှီးမြုပ်နှံပြီး လုပ်ကိုင်နေသည့် သတ္တုတွင်းနှင့် ကျောက်မီးသွေးတွင်းများသည် လုပ်ငန်းခွင် လုံခြုံ စိတ်ချရမှု မရှိ ဘဲ ပြိုကျမှုများမကြာခဏဖြစ်ပွားသည်။ ပြီးခဲ့သည့် မတ်လအတွင်းကလည်း တရုတ်နိုင်ငံ ရှန်ဇီပြည်နယ် ကျောက်မီးသွေးတွင်း တတွင်း၌ ရေများ ၀င်ရောက်လာသည့်အတွက် အလုပ်သမား ၁၅၃ ဦး ပိတ်မိပြီး သေဆုံးခဲ့ရကြောင်း ဆင်ဟွာ သတင်းတွင် ဖော်ပြ ထားသည်။

Category:

About Nhamngahanh: My name is Dinh Quang Huy . Known as Nhamngahanh .I'm administrator of SimplexDesign blog .This blog was opened for test .