နအဖ ကြောက်တဲ့ အလှူခံ ပုံးထဲက ငြိမ်းချမ်းရေး စတစ်ကာများ..

Anonymous | 6:11 PM |

အမေရိကန်နိုင်ငံသား Mr.Garrett Kostinရဲ့ မြန်မာ ပြည်တွင်းမှ ငြိမ်းချမ်းရေး စတစ်ကာများ


We all appreciate your great efforts for peace, human rights and justice in our mother land.
Bloom with Success!!! A Job Well Done, Mr. Garrett!!!

ပြီးခဲ့တဲ့မေလ (၃)ရက်နေ့က မြန်မာပြည်တွင်းမှာ ငြိမ်းချမ်းရေး စတစ်ကာများ လိုက်လံ ကပ်ခဲ့မှုကြောင့် မြန်မာ စစ်အစိုးရမှ ဗီဇာရက် သက်တမ်း မပြည့်ခင် အတင်းအကြပ် ပြန်ပို့ခြင်း ခံရတဲ့ Mr.Garrett Kostinရဲ့ မြန်မာပြည်တွင်းက မှတ်တမ်း ဓာတ်ပုံတွေထဲက တစ်ချို့ကို ဖော်ပြ လိုက်ပါတယ်။ ပရိတ်၊ ပဋ္ဌာန်းတရားကို မကောင်း ဆိုးဝါးတွေ နားမခံနိုင်၊ ကြောက်ရွံ့သလို.... မြန်မာပြည် အမြန် ငြိမ်းချမ်းပါစေ(Peace In Burma Now) ဆိုတဲ့ စာလေး လေးငါးလုံးကို ကြောက်နေတဲ့ နအဖပါ။

မေမြို့ စစ်တက္ကသိုလ်ရှေ့ အထိ သွားရောက် ကပ်ခဲ့ပြီး မကြာခင်မှာပဲ ထောက်လှမ်းရေးတွေ လာရောက် ဖယ်ရှား သွားကြောင်း ပြောပြပါတယ်..။ မန္တလေး လေဆိပ်၊ လ.ဝ.က စားပွဲခုံတွေနဲ့ လေယာဉ်ပျံ ထိုင်ခုံတွေမှာလည်း ပြန်ပို့တဲ့ အထိ ရအောင် ကပ်ခဲ့တဲ့ Mr. Garrettပါ။ သူ့သတင်းတွေ ဘလော့တွေမှာ ဖော်ပြပေးတဲ့ အတွက် မြန်မာလို မဖတ်တတ် ပေမယ့် ကြည့်ခွင့် ရတဲ့ အတွက် ကျေးဇူတင်ကြောင်း ပြောဆို သွားပါတယ်။ Mr. Garrett နဲ့ မေးမြန်း ဆက်သွယ်ချက်ကို ဆက်လက် ဖော်ပြပါမည်။
သတင်း ဒီမိုဝေယံမှ (ကျေးဇူးပါ)

Category: ,

About Nhamngahanh: My name is Dinh Quang Huy . Known as Nhamngahanh .I'm administrator of SimplexDesign blog .This blog was opened for test .