မြန်မာ ဟာမိုနီ ဆားဗစ်ဆက် ကုမ္ပဏီ၏ အာမခံ ငွေကိစ္စအကြောင်း

Anonymous | 2:03 AM |

နအဖ ဒုဗိုလ်ချူပ်ကြီး မြတ်ဟိန်းရဲ့ ယောက္ဖ တော်သူ ပီတာညွှန့်မောင် ဆိုသူဟာ မြန်မာ ဟာမိုနီ ဆားဗစ်ဆက် ကုမ္ပဏီရဲ့ ဦးဆောင် ညွှန်ကြားရေးမှူး တစ်ဦး ဖြစ်ပြီး ပြည်ပ အလုပ်အကိုင် လိုင်စင်ကို ရထား တာကို အကြောင်း ပြုပြီး အလုပ် သင်တန်းသားတွေ ခေါ်ယူကာ ဂျပန်နိုင်ငံမှာ အလုပ်ရမယ် ဆိုကာ တစ်ဦးကို အာမခံငွေ သိန်း (၃၀) တောင်းယူ နေပါတယ်။

အခုဆိုရင် အလုပ်လုပ်လိုသူ (၁၃) ယောက်ဆီက တစ်ဦးကို သိန်း ၃၀ ဆီ တောင်းယူထားပါတယ်။ တကယ်ဆိုရင် ဒါဟာ တရား မ၀င်သော ငွေကြေး တောင်းခံမှု ဖြစ်ပြီးတော့ ယောက္ဖ ဖြစ်သူ ဒုဗိုလ်ချူပ်ကြီး မြတ်ဟိန်းရဲ့ အရှိန်အ၀ါနဲ့ အလုပ်သမား စုဆောင်းပြီး မတရားသော နည်းလမ်းများနဲ့  အလုပ် လုပ်လိုသူတွေ ထံက ငွေညှစ်ကာ အကျပ်ကိုင် ချုပ်ကိုင် ထားတာ ဖြစ်သလို ရရှိလာတဲ့ အာမခံ ငွေတွေကို ကိုယ်ကျိုး စီးပွား အတွက် ပြန်လည် လှည့်သုံးနေတာ ဖြစ်ပါတယ်။ အကြောင်း အမျိုးမျိုးပြပြီး ဒီ အာမခံငွေတွေ ပြန်မပေး နိုင်အောင်လည်း လုပ်ဆောင် နေပါတယ်။

ဒီလုပ်ရပ်ဟာ တရား မ၀င်သလို နိုင်ငံတကာ အလုပ်သမား ရေးရာ ဥပဒေ များကိုလည်း ချိုးဖောက် နေတာ ဖြစ်ပါတယ်။

ရုပ်ပုံပေါ် ကလစ်နှိပ်၍ အကြီးကြည့်ပါ။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ဂျပန်နိုင်ငံ အစိုးရနဲ့ ကမ္ဘာ့ အလုပ်သမား အဖွဲ့ ချူပ် (ILO) ကို တိုင်ကြား သင့်ပါတယ်။

နအဖ ဒုဗိုလ်ချူပ်ကြီး မြတ်ဟိန်းရဲ့ ယောက္ဖ တော်သူ ပီတာညွှန့်မောင်ရဲ့ မြန်မာ ဟာမိုနီ ကုမ္ပဏီရဲ့ လိပ်စာက
Harmony Trading Co., Ltd.
Address : No.255,G/Flr,40th St,Upper Block, KYAUKTADA,
YANGON Phone : (01) 24-0856
Email : ayekarit@cybertech.net.mm ဖြစ်ပြီး၊
ဂျပန်နိုင်ငံက JITCO လို့ ခေါ်တဲ့
Japan International Training Cooperation
(http://www.jitco.or.jp/english/engagement_sending_out/govern_my.html) Organization နဲ့ တွဲဘက် လုပ်နေတာ ဖြစ်ပါတယ်။

source by : ကိုနစ်နေမန်း

Category: ,

About Nhamngahanh: My name is Dinh Quang Huy . Known as Nhamngahanh .I'm administrator of SimplexDesign blog .This blog was opened for test .