လျှပ်စစ်ဝန်ကြီးရဲ့ ကိုယ်ရေးအရာထံမှ ကြားရသမျှ

Anonymous | 2:04 AM |

စစ်အုပ်စုက ရန်ကုန်မှာ သဘာဝဓာတ်ငွေ့နဲ့ လည်ပတ်တဲ့ လျှပ်ဓာတ်အားပေးစက်ရုံတ ခုကို ၂၀၀၉ မတ်လကတည်းက တည်ဆောက်ပြီးစီးသွားပြီတဲ့ (နေရာတော့မကျိန်းသေဘူး။ ဒါပေမယ့် ကျနော့် အထင် အလုံက စက်ရုံကို သူ ရည်ညွှန်းပုံရတယ်) ကမ်းလွန် သဘာဝဓာတ်ငွေ့တွင်းတွေကနေ ဓာတ်ငွေ့ပိုက် လိုင်းတွေနဲ့ဆက်ပြီး တည်ဆောက်ထားတာတဲ့။ စပြီး လည်ပတ်ဖို့ MoEP ရဲ့ ခွင့်ပြုမိန့်ပဲ လိုတော့တယ်တဲ့။

သူပြောပုံအရ အဲဒီစက်ရုံကနေ လျှပ်စစ်ဓာတ်အားဖြန့်ဝေနိုင်တဲ့နှုန်းက ရန်ကုန်မြို့အတွက် လိုအပ်တဲ့ လျှပ်စစ် သုံးစွဲမှု စုစုပေါင်းပမာဏထက်တောင် ပိုသေးတယ်ဆိုပဲ။ ဒါပေမယ့် စစ်အုပ်စုက အခုအထိ လည်ပတ်မိန့် မပေး သေးဘူးတဲ့။ ဘာဖြစ်လို့လဲဆိုတော့ ၂၀၁၀ ရွေးကောက်ပွဲမှာ သူတို့နိုင်မလား မနိုင်ဘူးလား သိချင်နေတယ်တဲ့ (ဆိုလိုတာကတော့ သူတို့ ရွေးကောက်ပွဲ ရှုံးမှာကို အရမ်းကြောက်နေတယ်။ သူတို့ အခု အပေါ်စီးကနေ ထိန်း ချုပ်ထားနိုင်တာတောင်မှ အပြီးသတ် ဆုံးဖြတ်ချက်ချဖို့အတွက် သူတို့လူတွေ အပါအ၀င် ပြည်သူလူထုနဲ့ ပတ် သက်ပြီး အခုအထိ ယုံကြည်မှု မရှိသေးဘူးဖြစ်နေတယ်)။

တကယ်လို့ ရွေးကောက်ပွဲ အနိုင်ရမယ်ဆိုရင်တော့ ရန်ကုန်မြို့သူမြို့သားတွေကို လက်ဆောင်ပေးတဲ့အနေနဲ့ လျှပ်စစ်ဓာတ်အားပေးစက်ရုံကြီးကို စပြီး လည်ပတ်ပေးလိမ့်မယ်တဲ့။ ဒါပေမယ့် သူတို့မှာ ကြောက်စရာကောင်း တဲ့ အစီအစဉ် ဆွဲထားတယ်။ တကယ်လို့ ရွေးကောက်ပွဲမှာ သူတို့ရှုံးခဲ့ရင် မတော်တဆဖြစ်တယ်လို့ အကြောင်း ပြပြီး ဆောက်ထားတဲ့ ဓာတ်အားပေးစက်ရုံကြီးကို ဖျက်ဆီးပစ်မယ်တဲ့။ တခုလုံးကို ပြန်တည်ဆောက်ဖို့ဆိုရင် အစိုးရသစ်အတွက် နောက်ထပ် ၅ နှစ်လောက် အချိန်ယူရမယ်တဲ့။

ဒါဟာ စစ်အုပ်စုဆီက ကျနော်တို့ အမြဲကြားရလေ့ရှိတဲ့ TERRORIST ACT ဆိုတာထက် ဆိုးတဲ့ TERRIBLE IDEA ပါပဲ။ တကယ့်ကို ယုတ်မာပက်စက်တဲ့ အကြံအစည်ပါပဲ။ မိတ်ဆွေတို့အနေနဲ့ မီးစက်တွေက ထွက်တဲ့ ဆူ ညံသံတွေ၊ မီးခိုးငွေ့တွေနဲ့ မရေမတွက်နိုင်လောက်အောင် မီးမှောင်ကျနေတဲ့ ညတွေကို မဖြတ်သန်းဖူးဘူးဆို ရင် ဒီ(လျှပ်စစ်)ဟာ ဘာကြောင့် ဒီလောက်အသည်းအသန် ဖြစ်နေရသလဲ၊ ရန်ကုန်နေ ပြည်သူတွေအတွက် ဘာကြောင့် အရေးတကြီးကိစ္စ ဖြစ်နေရတာသလဲ ဆိုတာကို နားလည်ချင်မှ နားလည်နိုင်မယ်။
အပြည့်အစုံကဒီမှာပါ

Category:

About Nhamngahanh: My name is Dinh Quang Huy . Known as Nhamngahanh .I'm administrator of SimplexDesign blog .This blog was opened for test .