၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင် ကျောင်းများပိတ်ထားရန် ၁၀ တန်း အောင်စာရင်းစောထုတ်ပြန် သည်လော

Anonymous | 1:43 AM |

ယမန်နေ့ ဇွန်လ (၇) ရက်၌ တက္ကသိုလ်ဝင်တန်း အောင်စာရင်းကို စောပြီးထုတ်ပြန်ခဲ့ရာ နာမည်ကြီးကျောင်းများ အောင်ချက်ကောင်းခဲ့ပြီး ဂုဏ်ထူးထွက်သူများလည်း အလွန်များကြောင်း ရန်ကုန်မြို့ နာမည်ကြီး အ.ထ.က ကျောင်းတကျောင်းမှ ဆရာမတဦးက ပြောသည်။

နအဖစစ်အစိုးရ ပညာရေးစနစ်သည် သူငယ်တန်းမှ (၈) တန်းအထိ ကျရှုံးမှုမရှိ အတန်းတင်ပေးသည့် စနစ် ဖြစ်သည်။ တက္ကသိုလ်ဝင်တန်းများနှင့်ပတ်သက်၍ ဘာသာရပ်အလိုက် အောင်မှတ် (၄ဝ) ရသူများကို အအောင်ပေးသည့်စနစ် ကျင့်သုံးခြင်းမဟုတ်ဘဲ ၎င်းတို့လိုအပ်သည့် အရေအတွက်ကိုလိုက်ပြီး အောင်မှတ်ကို အလျှော့အတင်းလုပ် အအောင်ပေးလေ့ ရှိသည့်အတွက် အချို့နှစ်များတွင် ဘာသာတချို့၏ အောင်မှတ်သည် အမှတ် (၂ဝ) အောက်အထိ ရောက်သွားခဲ့ဖူးသည်။

တက္ကသိုလ်ဝင်တန်း အောင်စာရင်းများကို ပုံမှန်အားဖြင့် ဇူလိုင်လအတွင်း ထုတ်ပြန်ပေးလေ့ရှိသော်လည်း ယမန်နှစ်တွင် ဇွန် (၂၁) ရက်တွင် ထုတ်ပြန်ပေးခဲ့ပြီး ယခုနှစ်တွင်မူ ဇွန် (၇) ရက်တွင် ထုတ်ပြန်ပေးခဲ့ခြင်းဖြစ်သည်။

ယခုကဲ့သို့ အောင်စာရင်းများ စောပြီးထုတ်ပြန်ပေးရခြင်းသည် လာမည့် စာမေးပွဲရာသီကို နှစ်ကုန် ဒီဇင်ဘာ အပြီး ကျင်းပမည်၊ ၂ဝ၁ဝ နှစ်ဆန်း ရွေးကောက်ပွဲ မတိုင်ခင်အပြီး ကျောင်းများ ပိတ်ထားရန်ဖြစ်သည်ဟူသော သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေသော်လည်း သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။
အပြည့်အစုံကဒီမှာပါ

Category:

About Nhamngahanh: My name is Dinh Quang Huy . Known as Nhamngahanh .I'm administrator of SimplexDesign blog .This blog was opened for test .