မမေ့နိုင်သော နေ့တစ်ရပ်ဖြစ်သည့် Seven July

Anonymous | 1:48 AM |

photo by : http://burmadigest.info/2009/07/04/7th-july-image/
စစ်အစိုးရ၏ သမိုင်းကိုပြန်ကြည့်လျှင် အာဏာရှင်စစ်အုပ်စုဟာ ၁၉၆၂ ခုနှစ်၊ မတ်လ (၂) ၇က်နေ့ မှာ မြန်မာပြည်ပြည်သူအားလုံးရဲ့  လွတ်လပ်တဲ့ဘ၀တွေကို ကံကြမ္မာဆိုးရွားစေခဲ့တဲ့ အာဏာသိမ်းပွဲကို ပြုလုပ်ခဲ့တယ်။ ပြည်သူ့ အာဏာကို အဓမ္မကျင့်ပြီး တိုင်းပြည်ကို မတရား စတင် အုပ်ချူပ်ခဲ့တယ်။ သွေးစွန်းနေတဲ့လက်တွေ ယမ်းငွေ့ ညံ့နေတဲ့ လူသတ်လက်နက်တွေနဲ့  အာဏာရှင်အုပ်စုကို ဆန့် ကျင်အံတုသူတွေကို ဖမ်းဆီးထောင်ချခဲ့တယ်။

အာဏာရှင်အုပ်စုကို အဓိက ဆန့်ကျင်အံတုသူများ စုဝေးရာ ရန်ကုန်တက္ကသိုလ် ကျောင်းသားတွေရဲ့ ကျောင်းသားသမဂ္ဂ အဆောက်အဦးကို ဇူလိုင်လ (၇) ရက်နေ့ မှာ ကျောင်းအဆောင်တွေအတွင်း ၀င်ရောက်ရှောင်တိမ်း ပုန်းအောင်းနေတဲ့ ကျောင်းသူကျောင်းသားတွေကို မသေသေအောင် ပစ်သတ်ခဲ့ပါတယ်။ အာဇာနည်တို့ရဲ့ အသက်ပေါင်းများစွာ စတေးခဲ့ရတဲ့ နေ့တစ်ရပ်ဖြစ်ပါသည်။ ၈ ရက်နေ့ မနက်စောစောတွင် ကျောင်သားသမဂ္ဂ အဆောက်အဦးကို အာဏာရှင်အုပ်စုဟာ ဒိုင်းနမိုက်နဲ့ ဖြိုခွင်းဖျက်ဆီးခဲ့ပါသည်။

ဒါက စာဖတ်သူသိထားပြီးဖြစ်သည့်အတိုင်း မြန်မာ့သမိုင်းမှာ မကောင်းလွန်းလှတဲ့ အတိတ်ကအရိပ်မဲကြီး တစ်ခုဖြစ်ပါတယ်။ ထိုအတိတ်ကအရိပ်မဲကြီးကို စစ်အစိုးရမည်သို့ပင် ဖျောက်ဖြတ်စေကာမူ ပျောက်မသွားပဲ မြန်မာ့အာဇာနည်တို့ ရင်ထဲမှာ အခဲမကြေပဲ အမြဲတစေရှိနေပါသည်။ ထိုသို့တည်ရှိနေခြင်းမှာ အထိမ်းအမှတ်ပွဲများနှစ်စဉ် ကျင်းပပြုလုပ်ခြင်းကြောင့်ဟု စာရေးသူထင်မြင်မိပါသည်။

ပြည်တွင်းမှာလည်း အခက်အခဲတွေကြားထဲမှ seven july အထိမ်းအမှတ်ပွဲများနှစ်စဉ် ကျင်းပနေသလို၊ ပြည်ပရောက် ဒီမိုကရေစီလှုပ်ရှားသူများမှလည်း အထိမ်းအမှတ်ပွဲများနှစ်စဉ် ကျင်းပပြုလုပ်လျှက်ရှိပါသည်။
ဂျပန်နိုင်ငံအနေဖြင့် seven july အထိမ်းအမှတ်ဆန္ဒပြပွဲ 7 july 2009 တိုကျိုမြို့ရှိ မြန်မာစစ်အခွန်ရုံးရှေ့တွင် နေ့လည် ၃းဝဝ နာရီတွင် စတင်ပြုလုပ်မည်ဖြစ်ကြောင်း ထပ်မံဖိတ်ကြားအပ်ပါသည်။

Category:

About Nhamngahanh: My name is Dinh Quang Huy . Known as Nhamngahanh .I'm administrator of SimplexDesign blog .This blog was opened for test .