လွိုင်ကော်ကျေးရွာဒေသများ၌ ညလမ်းသရဲများ သတိထားနေရ

Anonymous | 12:14 PM |


ကရင်နီပြည် လွိုင်ကော်မြို့နယ်အတွင်းရှိ လင်ဖိုကျေးရွာမှ ပဒါးညေးကျေးရွာသို့ ဟင်းသီးဟင်းရွက်နှင့် သစ်သီးများ ထမ်းရောင်းသော ပအိုဝ်းအမျိုးသမီးနှစ်ဦးအား ညလမ်းသရဲများ၏ လုယှက်မှုကို ခံရသည့်အပြင် အတင်းအဓ္ဓ ပြုကျင့်မှုကိုလည်း ခံခဲ့ရသည်ဟု အခင်း ဖြစ်ပွားမှုကို သိရှိသော ရွာသားတဦးက ပြောသည်။

ပြီးခဲ့သည့်လက အသက် ၅၀ ကျော်ရှိသည့် ပအိုဝ်းအမျိုးသမီးနှစ်ဦးအား လမ်းသရဲအုပ်စုတစုမှ မတရား ပြုကျင့်ခဲ့မှုအပေါ် အာဏာပိုင် ဘက်မှ မည်သည့် စုံစမ်းအရေးယူမှုများ မပြုလုပ်ကြောင်း ဆိုသည်။

အရေးယူမှုများ မရှိသည့်အတွက် လွိုင်ကော်မြို့နယ်အတွင်းရှိ ကျေးရွာများမှာ ညအချိန်ဖြစ်ဖြစ်၊ နေ့အချိန်ဖြစ်ဖြစ် တရွာနှင့်တရွာ သွားလာ သည်ဖြစ်စေ တောင်ယာနှင့် စိုက်ခင်းခြံများသွားသည်ဖြစ်စေ တဦးတယောက်ထဲ မသွားရဲကြဘဲ အုပ်စုလိုက် ဖွဲ့၍ သွားနေကြရသည်ဟု သိရသည်။

Category:

About Nhamngahanh: My name is Dinh Quang Huy . Known as Nhamngahanh .I'm administrator of SimplexDesign blog .This blog was opened for test .