မြစ်ဆုံဗုံးပေါက်ကွဲမှု သံသရှိသူ အဖမ်းခံရ | သတင်းနှင့်မီဒီယာ ကွန်ယက်

Anonymous | 12:24 PM |

ကချင်ပြည်နယ်၊ မြစ်ဆုံရေကာတာ တည်ဆောက်ရေးစီမံကိန်း ဆောက်လုပ်ရေးဝင်း အတွင်း ဗုံးပေါက်ကွဲမှုများ နှင့် ပတ်သက်၍ သံသယရှိသူနှစ်ဦးအား မြန်မာစစ်အစိုးရက ဖမ်းဆီးထားသည်။

ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး နောက်တရက်တွင် ဖောက်ခွဲရေးသမားဟု သံသယရှိသူနှစ်ဦးအား ဒေသခံ အာဏာပိုင် အဖွဲ့နှင့် စစ်အစိုးရတပ်က ဖမ်းဆီးခဲ့သည်ဟု ရပ်ကွက်အာဏာပိုင်နှင့် ဆွေမျိုးတော်စပ်သူတစ်ဦးက ပြောကြောင်း ယခုလ ၁၈ ရက်နေ့က ထိုဒေသတွင်ရောက်ရှိ နေသည့် ကုန်သည်တစ်ဦးက ယခုလိုပြောသည်။

ကျနော်တို့ တန်ဖဲကနေပြီးတော့ ပြောသံကြားတာကတော့ လူနှစ်ဦးကိုဖမ်းထားတယ်လို့ အဲလိုပြော တယ်။ သူတို့ မသင်္ကာတဲ့လူနှစ်ဦးလို့ ယူဆရတဲ့ လူနှစ်ဦးကိုဖမ်းထားတယ်။ အဲဒီသတင်းတော့ ကြား တယ်။ ဘယ်သူဘယ်ဝါရယ်လို့ ကျနော်တို့ မသိလိုက်ရဘူး။

ယင်းကိစ္စမှန်ကန်ကြောင်းနှင့် အဖမ်းခံရသူမှာ ဗုံးပေါက်ကွဲရာဒေသတ၀ိုက်မှ ရော်ဘာခြံ ပိုင်ရှင်တစ်ဦးဖြစ်၍ ၎င်း နှင့်အတူ ခြံအလုပ်သမား လေးဦးအဖမ်းခံခဲ့ရပြီး သုံးဦးအားပန်ွတ်ပေးခဲ့သည်ဟု ကချင်သတင်းဌာန အယ်ဒီ တာ ကိုနော်ဒင်း က ယခုလို အတည်ပြု ပြောဆိုသည်။


အဲဒီခြံပိုင်ရှင်ကိုလည်း ဖမ်းထားတယ်။ ပိုင်ရှင်ကတော့ ဇေလွန်းလို့ ပြောတာပေါ့နော်။ သူ့ရဲ့ အလုပ် သမားတစ်ယောက်လည်း ဖမ်းထားတယ်ဗျာ။ သူတို့နှစ်ယောက်ကိုတော့ဒီအချိန်အထိ ဖမ်းထားတယ် ပေါ့။ ကျန်တဲ့ မသင်္ကာတဲ့ သုံးယောက်ကိုတော့ သူတို့ ပြန်လွတ်ပေးပြီလို့ ပြောတယ်။

အဖမ်းခံရသူ ဇေလွန်းမှာ မြစ်ကြီးနားမြို့ ရှစ်မိုင်ကျေးရွာတွင်နေထိုင်သူဖြစ်ပြီး အေးရှားဝေါ ကုမ္ပဏီနှင့် ပြဿနာ ဖြစ်ခဲ့ဖူးသည့်အတွက် အဖမ်းခံရခြင်းဖြစ်နိုင်သည်ဟု ဒေသခံများက ပြောကြောင်း ၎င်းက ယခုလိုဆက်ပြော သည်။

အေးရှားဝေါကုမ္ပဏီက မီးတွေရှို့ရင်းနဲ့ ရော်ဘာခြံတွေမှာ မီးတွေလောင်ပြီးတော့ တော်တော်များများ ပျက်စီးသွားတာမျိုးတွေရှိတာပေါ့။ အဲလိုမျိုးတွေရှိတော့ အဲဒီကုမ္ပဏီကို သူက(ခြံရှင်) လျော်ကြေး တောင်းထားတာပေါ့။ လျော်ကြေး သိန်းသုံးဆယ်ကနေ လေးဆယ် အဲလိုမျိုး တောင်းထားတာတွေ ရှိတယ်တဲ့။ အဲတာကို ကုမ္ပဏီပိုင်ရှင်တွေက မပေးဘူးတဲ့။ ရော်ဘာခြံပိုင်ရှင်တွေက အဲလိုမျိုးလုပ်တာ ဖြစ်နိုင်တယ်ဆိုတဲ့ ယူဆချက်နဲ့ပဲ သူတို့ကို ဖမ်းတာပေါ့။

အဖမ်းခံထားရသူနှစ်ဦးအား မြစ်ကြီးနားမြို့ အမှတ်(၁)ရဲစခန်းတွင် ထိန်းသိမ်းထားသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ မြစ်ကြီးနားမြို့ အမှတ်(၁) ရဲစခန်းသို့ ဖုန်းဖြင့်အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေဆိုမည့်သူမရှိပါ။

တရက်ထဲတွင် မိုင်းဗုံး (၁၀)လုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် ယနေ့အထိ စစ်အစိုးရမှ လုံခြုံရေးများ တင်းကြပ် စွာချထားပြီး စစ်ဆေးမှုများ ပိုမိုဆောင်ရွက်နေသည်ဟု ဒေသခံများက ပြောသည်။

မြစ်ဆုံရေကာတာတည်ဆောက်ရေး စီမံကိန်းတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သော်လည်း စီမံကိန်းကို စစ်အစိုးရမှ ဆက်လက်လုပ်ဆောင်သွားမည်ဟု သိရသည်။

ထိုပေါက်ကွဲမှုနှင့်ပတ်သက်၍ ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့ (KIO)နှင့် ပတ်သက်မှု မရှိကြောင်း ငြင်းဆိုပြီး တရားခံဖော်ထုတ်နိုင်ရေးအတွက် စစ်အစိုးရနှင့် (KIO)တို့ ပူးပေါင်း ဆောင်ရွက်သွားရန် ယခုလ ၁၈ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ရာတွင် သဘောတူ ခဲ့ကြသည်။

သတင်းနှင့်မီဒီယာ ကွန်ယက်။ ဇော်ကြီး။

Category:

About Nhamngahanh: My name is Dinh Quang Huy . Known as Nhamngahanh .I'm administrator of SimplexDesign blog .This blog was opened for test .